ညဘက် မေမေနဲ့လိုက်သွားတော့ dinnerအတူစားမည့်သူက မင်းလတ်ဖြစ်နေသည်။
"အန်တီ ထိုင်ပါခင်ဗျ။ ခိုင် ထိုင်လေ"
ကြိုရောက်နှင့်နေတဲ့ မင်းလတ်က ခိုင်တို့ကို ဆီးကြိုသည်။
ခိုင်ကတော့ အံ့သြစွာပဲ မင်းလတ်ကို ကြည့်နေမိသည်။
"ခိုင် အံ့သြနေတာလား"
သူ့ကို တအံ့တသြ ကြည့်နေတဲ့ ခိုင်ကို မင်းလတ်က မေးလိုက်သည်။
"နင်က ဘယ်လိုဖြစ်လို့ ......"
"ငါက အန်တီတို့ companyမှာ share ဝင်ပြီး အလုပ်တောင် ဝင်လုပ်နေပြီ"
"ဟုတ်တယ် သမီး ။ သမီးတို့ သူငယ်ချင်းတွေဆိုတာ မောင်မင်းလတ်ပြောပြတယ်"
"ဟုတ် မေမေ....."
မင်းလတ်နဲ့ မေမေ စားရင်း အလုပ်အကြောင်းပြောနေကြပေမယ့် ခိုင်မှာတော့ မင်းလတ် ဘာသဘောနဲ့ ခုလိုလုပ်နေတာလဲဆိုတာစဥ္းစားနေမိသည်။ မေမေကတော့ မင်းလတ်ကို တော်တော်သဘောကျနေပုံရသည်။ ခိုင် သက်ပြင်းလေးသာချလိုက်မိတော့သည်။"သမီးသူငယ်ချင်းက တော်တော် တော်တာပဲ။ ခုလိုလူငယ်တွေ အလုပ်သေချာလေးလုပ်လာကြတာ မေမေတော့ သဘောကျတယ်"
အပြန်ကားပေါ်မှာ မေမေက မင်းလတ် ချီးမွှန်းခန်းဖွင့်နေတော့သည်။
ခိုင် မေမေ့ကို ဘာမှ ပြန်မပြောမိပေ။ အိမ်ကိုသာ မြန်မြန်ပြန်ရောက်ချင်နေတော့သည်။"မမ ပြန်ရောက်နေတာကို သော့်ကို မခေါ်ဘူး"
ပြန်ရောက်ကထည်းက စိတ်ရှုပ်တာနဲ့ ရေချိုးပြီး ခဏလေး လှဲနေလိုက်ရာကအိပ်ပျော်သွားတာ သော် သူ့အခန်းထဲဝင်လာမှ နိုးတော့သည်။
"ဟင် မမအိပ်ပျော်နေတာလား sorryပါ။ အစောကြီးဆိုတော့ မအိပ်သေးဘူးထင်လို့"
"မမဆီလာပါအုံး သော်ရယ်"
မမက ပြုံးပြပြီး သူ့ဆီခေါ်နေတော့ သော် မမ ဘေးမှာ ဝင်လှဲလိုက်သည်။
"အစောကြီး အိပ်နေတာ နေမကောင်းလို့လား မမ"
သော်က သူ့နဖူးလေးကိုစမ်းပြီး မေးရှာသည်။
"ကောင်းပါတယ်။ ခဏလေး လှဲလိုက်တာ ဘယ်လိုအိပ်ပျော်သွားမှန်းတောင်မသိလိုက်ဘူး"
"ပင်ပန်းနေတာလား ။ သံပုရာရည်သောက်မလား။ သော်ဖျော်ပေးမယ်လေ"
အလိုက်သိပြီး ဂရုစိုက်လွန်းတဲ့ သော့်ကို ကြည့်ပြီး ခိုင်အချစ်တွေ ပိုနေမိသည်။
"ပင်ပန်းတာက သံပုရာရည်သောက်စရာ မလိုပါဘူး။ သော်အနမ်းပေးရင် ပျောက်သွားမှာ"
မမက အသည်းယားအောင်ပြောပြီး သော့်ကို ပြုံးကာကြည့်နေသည်။
သော် မမပါးလေးကို အရင်နမ်းလိုက်ပြီး နှုတ်ခမ်းလေးကို ထပ်နမ်းလိုက်သည်။
"ရပြီလား မမ"
"ဟင် ခဏလေးနဲ့ ဘယ်လို ပျောက်ပါ့မလဲ သော်ရယ်"
မမပုံစံလေးကို ကြည့်ပြီး သော်ပြုံးလိုက်မိသည်။
"အဲ့တာဆို မမ မျက်လုံးလေးမှိတ်ထားနော်"
YOU ARE READING
Lovely Thaw
Romance"သကြားလုံး ငုံထားမှတော့ ချိုမှာပေါ့ သော်ရယ်"" "မဟုတ်ပါဘူး မမ အချစ်တွေကချိုနေတာ"