"မမ သော့်ကို ခေါင်းသုတ်ပေး"
သော်က တဘက်လေးခေါင်းပေါ်တင်ပြီး သူ့အခန်းထဲဝင်လာတော့ ခိုင် ကအပေါ်ပိုင်း bra လေးသာဝတ်ကာ အောက်မှာ တဘက်လေးပတ်ထားပြီး မိတ်ကပ်လိမ်းနေချိန်ဖြစ်သည်။
ရုတ်တရက်ဝင်လာတဲ့သော်မှာ သူမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ခြေလှမ်းလေးတွေရပ်သွားပြီး တအံ့တသြလေး ခိုင့်ကိုကြည့်နေတော့သည်။
လှလိုက်တာမမရယ်......
ခိုင်လည်း တဘက်လေးကို အေပါ်တိုးပြီးပတ်လိုက်သည်။
"လာလေ ဘာရပ်လုပ်နေတာလဲ"
ဆံပင်သုတ်ပေးနေတဲ့ တလျောက်လုံး မမရင်ခွင်နားလေးမှာ သော် အရမ်းစိတ်လှုပ်ရှားနေခဲ့သည်။ အရင်ကလည်း မမရင်ခွင်ထဲတိုးပြီး အိပ်ဖူးပေမယ့် ခုမှ ဘာလို့ စိတ်ရိုင်းတွေ ဝင်နေမိလဲမသိတော့။ မမကို ဆွဲဖက်ထားပြီး နမ်းပစ်လိုက်ချင်တော့သည်။
စိတ်ထိန်းမှပေါ့ ပုဏ္ဏမီသော်ရယ်........
သူခေါင်းသုတ်ပေးနေရင်း သက်ပြင်းလေးတွေ ခဏခဏချနေတဲ့ သော့်ကို ခိုင်သေချာကြည့်လိုက်မိသည်။
"ဘာဖြစ်နေတာလဲသော်"
"ရှင်...... ဘာဖြစ်လို့လဲဟင် ဘယ်သူဘာဖြစ်လို့လဲ"
စကားတွေ အယောင်ယောင်အမှားမှားနဲ့ သော်တစ်ယောက် ဒုက္ခရောက်နေရှာေတာ့သည်။
"ရှင့်ကိုမေးနေတာ ရှင်ဘာဖြစ်နေတာလဲ သက်ပြင်းတွေပဲချနေလို့လေ"မမကို ချစ်လို့
မမကို ချစ်နေလို့
မမကို အရမ်းချစ်လို့ ......စိတ်ထဲ အကြိမ်များစွာပြောရင်း လက်တွေ့မှာတော့ မမကို ခေါင်းလေးခါပြလိုက်မိသည်။
ကျောင်းသွားတော့လဲ ကားပေါ်မှာ သော်က အသံတိတ်နေသည်။
"သော် ....."
"ဟုတ် မမ"
"ဘာလို့ အဲ့လောက်ငြိမ်နေရတာလဲ"
သော် သီချင်းလေးဖွင့်ပေးလိုက်သည်။
ခိုင်က သော်ကို တချက်ကြည့်လိုက်ပြီး သီချင်းကိုပြန်ပိတ်လိုက်သည်။
"နားငြီးတယ်"
"အော် မမပဲ ငြိမ်နေလို့ဆို"
"ကျွန်မက ရှင့်ကိုပြောနေတာ"
မမ သူ့ကို အဲ့လိုလေးတွေ ပြောတိုင်း သော် အသည်းတယားယားဖြစ်ရသည်။ ဒီနေ့တော့ ပိုဆိုးနေသည်။ မမကို ရင်ခွင်ထဲထည့်ပြီး ဖက်ထားချင်စိတ်တွေဖြစ်နေပြန်သည်။
သော်တယောက်ထည်း ပြဿနာတွေတက်နေတော့သည်။
"ဟေ့ မမ စိတ်တိုလာပြီနော်...."
မမက အသံခပ်မာမာလေးနဲ့ အော်လိုက်တော့မှ အသိပြန်ဝင်တော့သည်။
"စိတ်မတိုပါနဲ့ မမရယ်။ သော် စဥ်းစားနေတာတစ်ခုရှိလို့ပါ"
"အမယ် ဘာတွေများစဥ်းစားနေတာလဲ"
"မမက ဘာလို့ တနေ့တခြား ပိုချစ်ဖို့ကောင်းနေရတာလဲလို့ပါ"
သော့်ကို ခိုင်မျက်စောင်းလေး ထိုးလိုက်သည်။
"ပေါက်ကရတွေပြောပြန်ပြီ"
"တကယ်......."
သော်က ပြောရင်းနဲ့ ခိုင့်မျက်နှာလေးကို သူ့လက်ဖဝါးလေးနဲ့ ဖွဖွလေးထိထားသည်။
ခိုင် ရင်ခုန်သံမြန်လာပြန်သည်။
ခုနောက်ပိုင်း သော့်အထိအတွေ့တွေကို သူရင်ခုန်လာမိတာအမှန်ပင်။ စိတ်ကို အတတ်နိုင်ဆုံး ထိန်းထားလိုက်သည်။ သော်ကတော့ ကားမောင်းရင်း ပြုံးနေသည်။
ကျောင်းရောက်တော့ မမကို သူ့ဌာနဘက် အရင်လိုက်ပို့လိုက်ပြီး သော် အတန်းဘက်ကို ပြန်လာလိုက်သည်။
ဒီပုံစံမျိုးနဲ့တော့ မမနဲ့ ဘယ်လိုရှေ့ဆက်သွားရမလဲဆိုတာ သော်တွေးရင်း ရင်မောနေမိသည်။ မမကို သူဖွင့်ပြောလိုက်လို့ သူထင်ထားသလို မဖြစ်မှာသူစိုးရိမ်သည်။ အခြေအနေတွေ ပျက်ဆီးသွားမှာ သူအရမ်းကြောက်မိသည်။ ဒါပေမယ့် သော် မမကိုအရမ်းချစ်သည်။
"အ..... "
မမအကြောင်းစဥ်းစားပြီး လမ်းလျောက်လာတာနဲ့ လူတယောက်ကို မမြင်ပဲ ဝင်တိုက်လိုက်မိသည်။
"ဟာ sorry ပါ အမ....."
လွတ်ကျကုန်တဲ့စာအုပ်လေးတွေကို ပြန်ကောက်ပေးလိုက်ပြီး သူတိုက်လိုက်မိတဲ့ အမကို အားနာစွာ တောင်းပန်လိုက်သည်။
"ရပါတယ် .... အမလဲ သတိမထားလိုက်မိလို့ပါ....."
လှလိုက်တာ.....
သူတိုက်မိလိုက်တဲ့အမျိုးသမီးကို ကြည့်ပြီး စိတ်ထဲ ရေရွတ်လိုက်မိသည်။
ဆံပင်ရှည်ရှည်လေးကိုခပ်မြင့်မြင့်လေးစီးထားပြီးအသားဖြူဖြူ အရပ်မြင့်မြင့် မျက်လုံး မျက်ခုံး နှာတံ ဘာမှ ပြောစရာမလိုအောင်လှသည်။
နှုတ်ခမ်းလေးတွေကလည်း ဒီတိုင်းကြည့်နေရင်တောင် ပြုံးယောင်သန်းနေသလိုလေး။
မေနှင်းသက်ခြယ်က သူ့ကို မျက်လုံးလေးအပြူးသားငေးကြည့်နေတဲ့ ကောင်မလေးကို ပြုံးပြပြီး ထွက်လာခဲ့သည်။
လူကိုရှေ့ထားပြီး အကြည့်စူးစူးတွေနဲ့ ကြည့်နေတဲ့ ကောင်မလေးကို မေ မြင်မြင်ချင်း သဘောကျမိသည်။
အသားဖြူဖြူ အရပ်မြင့်မြင့် ဆံပင် တိုလေးကို တဝက်လေးစီးထားပြီး နှုတ်ခမ်းနီရဲရဲလေးနဲ့ လုံချည်လေးဝတ်ထားပေမယ့် ယောင်္ကျာလေးဆန်ဆန်ကြည့်ကောင်းနေတဲ့ ကောင်မလေး။
YOU ARE READING
Lovely Thaw
Romance"သကြားလုံး ငုံထားမှတော့ ချိုမှာပေါ့ သော်ရယ်"" "မဟုတ်ပါဘူး မမ အချစ်တွေကချိုနေတာ"