"မမ ဘာလုပ်နေလဲဟင်"
သော် ပြန်ရောက်ရောက်ချင်း မမအခန်းထဲ သွားလိုက်သည်။
မနက်ထည်းက ထွက်သွားပြီး ည၇နာရီမှ ပြန်ရောက်လာတဲ့ သော့်ကို ခိုင်စိတ်ဆိုးမိသည်။ စကားပြန်ပြောချင်စိတ်လဲမရှိ။
"အော် မမ .... သော်မေးနေတယ်လေ"
"မမ ဒီမှာ အလုပ်ရှုပ်နေတယ်လေ"
ခိုင်လည်း စိတ်ပေါက်ပေါက်နဲ့ ပြန်ပြောလိုက်သည်။
သော်က ဘာမှ မပြောပဲ သူ့အခန်းထဲက ထွက်သွားသည်။
သူကပဲ စိတ်ဆိုးရတယ်ရှိသေးလို့ ခိုင်တွေးလိုက်သည်။ စိတ်ဆိုးလဲ ပစ်ထားလိုက်မယ်။ တနေကုန်ကျ သူ့ကို ပစ်ထားပြီးတော့ .......
သော် အခန်းထဲရောက်တော့ ရေချိုးပြီး လှဲနေလိုက်သည်။ မမက သူ့ကို သူဖတ်နေတဲ့ စာတွေလောက် အရေးမစိုက်..... သူမမအခန်းထဲ မသွားတော့။
ခဏနေတော့ မေ့ဆီက ဖုန်းဝင်လာသည်။
"ဟယ်လို အမ ....."
"အင်း သော် ဘာလုပ်နေလဲဟင်..."
"ဘာမှမလုပ်ပါဘူး လှဲနေတာ။ ခြေထောက်များနာနေလို့လားဟင်"
"အော် မနာပါဘူးသော်ရယ် အမ ပျင်းလို့ ခေါ်လိုက်တာ"
"အရမ်းနာလာရင် သော့်ကိုလှမ်းခေါ်လိုက်နော်"
"ဟုတ်ကဲ့ပါရှင်...."
သော်နဲ့ မေတို့ ဖုန်းတော်တော်ကြာကြာပြောဖြစ်ကြသည်။မမနဲ့ မတွေ့ရတဲ့ ဒီနေ့ညတော့ သော် အိပ်လို့ရမည်မထင်။ ၁၂ခွဲလောက်ထိကို အိပ်မရတာနဲ့ မမ အခန်းဘက်သာ ထွက်လာခဲ့လိုက်သည်။
အခန်းထဲ ဝင်လိုက်တော့ မမက အိပ်ပျော်နေပြီဖြစ်သည်။
အိပ်ပျော်နေတဲ့ မမကို သော်တဝကြီးထိုင်ကြည့်နေလိုက်မိသည်။
ဘာလို့ သော့်ကို ခဏခဏ စိတ်ဆိုးနေရတာလဲ မမရယ်.......
ခိုင် ရုတ်တရက်နိုးလာတော့ သူ့ကိုထိုင်ကြည့်နေတဲ့ သော့်ကို တွေ့လိုက်ရသည်။
"ဟင် ဘာလို့လဲ သော် အိပ်မပျော်လို့လား"
ခိုင်ဘေးနားလေးတိုးပေးလိုက်တော့ သော်က သူ့ဘေးလေးဝင်လှဲလိုက်သည်။
"မမ သော့်ကြောင့်နိုးသွားတာလား"
"မဟုတ်ပါဘူးသော်ရယ်"
"စိတ်ဆိုးပြေပြီလား မမ"
သော်က တိုးတိုးလေး ကပ်မေးလာသည်။
"မပြေသေးဘူး မမကို တနေကုန်ပစ်ထားလို့"
သော် မမကို ဖက်ထားလိုက်သည်။
"မမသူငယ်ချင်း ခြေထောက်နာသွားလို့ သော်သူ့အိမ်ကို လိုက်သွားပြီး စောင့်ပေးနေရတာ"
"ဟင် ဘယ်လိုဖြစ်လို့လဲ"
"ဘုရားက အဆင်း ခြေခေါက်သွားတာလေ ဆေးခန်းတောင် သွားလိုက်ရတယ်"
"အော် မေ သက်သာရဲ့လား...."
မမက သူ့သူငယ်ချင်းကိုတော့ စိတ်ပူရှာသည်။
"ခြေထောက်ကတော့ သိပ်ထောက်လို့မရသေးဘူး။ တဖြည်းဖြည်းတော့ သက်သာလာမှာပါ"
"မမကို ဘာလို့ ဖုန်းမဆက်တာလဲ"
"အော် မမက ဒီရက်တွေပဲနားရတာလေ။ မမအနှောက်ယှက်ဖြစ်မှာ စိုးလို့ပါ"
စကားတတ်လွန်းသော သော့်ကို သူကြာကြာစိတ်မဆိုးနိုင်။ ခုလည်း သူ့ရင်ခွင်ထဲ ဝင်ပြီး ချွဲနေပြန်သည်။
ESTÁS LEYENDO
Lovely Thaw
Romance"သကြားလုံး ငုံထားမှတော့ ချိုမှာပေါ့ သော်ရယ်"" "မဟုတ်ပါဘူး မမ အချစ်တွေကချိုနေတာ"