12

3.9K 170 1
                                    

"သမီး မေမေစကားပြောစရာရှိတယ်။ ခဏလာထိုင်ပါအုံး"
ခိုင်ကျောင်းကပြန်ရောက်တော့ မေမေက ခိုင့်ကို ခေါ်ပြီး စကားပြောသည်။
"သမီး..... ခိုင်"
"ဟုတ် မေမေ ဘာပြောချင်လို့လဲပြောပါ"
"သမီးမှာ ရည်ရွယ်ထားသူတွေဘာတွေရှိနေပြီလား မေမေသိချင်လို့ပါ"
မေမေက ရုတ်တရက်မေးလာတော့ ခိုင် ဘာဖြေရမှန်းမသိဖြစ်နေသည်။
"ရှိနေတယ်ဆို မေမေတွေ့ကြည့်ချင်တယ်သမီး"
"မရှိပါဘူး မေမေ"
မမ တောင်းပန်ပါတယ်သော်ရယ်။ မေမေ့ကို မမ ဖြည်းဖြည်းချင်းတော့ ဖွင့်ပြောပြမှာပါ........
"မောင်မင်းလတ်က သမီးကို ကမ်းလှမ်းစကားပြောလာတယ်သမီး"
ခိုင်စိတ်ညစ်သွားမိသည်။ မင်းလတ်က သူ့ကို ကျော်ပြီး မေမေ့ဆီ တိုက်ရိုက်ပြောလိမ့်မည်မထင်ခဲ့။
"မေမေ..... သမီး အိမ်ထောင်ပြုဖို့ ကိစ္စ မစဥ်းစားချင်သေးဘူးနော်"
"သမီးလည်း အရွယ်တခုရောက်နေပြီပဲ။ စဥ်းစားသင့်ပြီလေ"
"သမီးအိမ်ထောင်ဘက်ကို သမီးစိတ်တိုင်းကျသာရွေးပရစေ မေမေရယ်"
မေမေကတော့ ခေါင်းလေးသာငြိမ့်ပြသည်။
"မောင်မင်းလတ်ကလည်း သမီးရွေးချယ်သင့်တဲ့သူတွေထဲမှာ ပါတယ်ဆိုတာတော့ မှတ်ထားလိုက်ပါ။ သမီး သွားနားတော့လေ"
ခိုင် စိတ်ညစ်ညစ်နဲ့ မေမေ့အခန်းထဲက ထွက်လာလိုက်သည်။
အခန်းထဲရောက်တာနဲ့ ရေချိုးလိုက်ပြီး အိပ်ရာထဲသာ ဝင်အိပ်နေလိုက်သည်။ သော်လာမှပဲ ထတော့မည်ဟု တွေးပြီး အိပ်လိုက်သည်။
ညဘက် သော်အခန်းထဲဝင်လာတော့ ခိုင်ဖျားချင်သလိုလိုဖြစ်နေတော့သည်။
"မမ ဘာလို့အိပ်နေရတာလဲ နေမကောင်းဘူးလား"
ခိုင်ခေါင်းငြိမ့်ပြလိုက်သည်။
"မမဖျားတော့မယ်ထင်တယ်"
"ဟင် ကိုယ်ပူနေလား........"
သော် မမရဲ့နဖူးလေးကိုစမ်းကြည့်လိုက်တော့ မမကိုယ်တွေပူနေသည်။
"ဖျားနေတာပဲ မမရယ်။ ဆေးခန်းသွားရအောင်နော် လာ"
"ဟာ ရှစ်နာရီခွဲနေပြီ ဒီချိန် ဆေးခန်းတွေ ပိတ်ရောပေါ့"
"အော် မမရယ် 24hours ဖွင့်တဲ့ဆေးခန်းတွေရှိပါတယ်။ လာပါ နော်"
"ဆေးခန်းမသွားချင်ပါဘူး။ ဆေးပဲသောက်လိုက်တော့မယ်"
ခိုင်က ကလေးတစ္ယောက်လို ဂျီကျနေသည်။
"ဒါဆိုလဲ တခုခုအရင်စားလိုက်အုံး ခဏနေအုံး သော် တခုခု သွားလုပ်လိုက်အုံးမယ်"
သော် မမစန္ဒာအခန်းဘက်သွားလိုက်သည်။
"မမစန္ဒာ သော့်ကို sandwich လေးလုပ်ပေးပါလားဟင်"
မမက sandwich ကြိုက်တယ်လေ....
"အော် သော်ဗိုက်ဆာလို့လား လုပ်ပေးမယ်နော်"
နောက်ဆို မမကြိုက်တတ်တာလေးတွေ ကိုယ်တိုင်လုပ်တတ်အောင် သင်ထားရအုံးမယ်လို့ တွေးလိုက်မိသည်။

Lovely Thaw Where stories live. Discover now