ညဘက်ရောက်တော့ သော် မမအခန်းဘက်သွားမလို့လုပ်နေတုန်း ဖုန်းဝင်လာလို့ ကိုင်လိုက်သည်။
"ဟယ်လို ..."
"ဟယ်လို သော်လား"
"ဟုတ်...."
"အမပါ မေ...."
"အော် ဟုတ် အမ ပြောပါ သော် ဘာကူညီပေးရမလဲ"
"အမ ညီမလေး တစ်ယောက်လေ mandalayဘက်ကနေ yangon ဘက်ေပြာင်းလာတာ အဲ့တာသော် ဆရာမတွေနဲ့ နည်းနည်းမိတ်ဆက်ပေးပြီး လိုတာလေးတွေကူညီပေးပါနော် ။ အမလဲ လိုက်လာမှာပါ"
"ဟုတ် အမ ရပါတယ်။ လာတဲ့နေ့သာ ဖုန်းဆက်လိုက်နော်"
"ကျေးဇူးနော် သော်"
"ဟုတ်ကဲ့....."
ဟိုဘက်က ဖုန်းမချသေးသဖြင့် သော်ဆက်ကိုင်ထားလိုက်သည်။
"ဟယ်လို....."
"ဟုတ် အမ ပြောလေ သော်နားထောင်နေတယ်"
မေတယောက် ပြုံးနေမိသည်။ ဖုန်းမချပဲ ကိုင်ထားတယ်တဲ့လား။ စိတ်ရှည်တတ်လိုက်တာ ကလေးရယ်.....
"အမကို ခိုင့်လိုပဲ ကိုယ့်အမတယောက်လိုပဲသေဘာထားနော်။ လိုအပ်တာရှိလဲပြော"
မေ့ရဲ့စကားကို သော်သဘောကျနေမိသည်။ မမလိုတော့ သဘောထားလို့ မဖြစ်ဘူးအမရယ်။ မမတယောက်နဲ့တောင် သော်ချစ်လို့ မဝသေးတဲ့အပြင် ချစ်လာအောင်လည်း မလုပ်နိုင်သေးဘူး။
ပြောလိုက်ကာမှ အသံလေးတိတ်သွားပါလားလို့ မေ တွေးနေမိသည်။
"ဟုတ်ကဲ့ပါ အမ သော့်ကိုလည်း ဘာပဲလိုလို ပြောပါ သော်ကူညီနိုင်တာရှိ ကူညီဖို့အသင့်ပါ"
"ဒါပဲနော် နောက်မှ ထပ်ဆက်တော့မယ်။ ဖုန်းဆက်လို့ရတယ်မလား"
"ရတာပေါ့ အမရယ်"
သော်နဲ့ဖုန်းပြောပြီး မေရင်တွေခုန်နေမိသည်။
သူ့ဘေးနားယောင်္ကျားတွေ ဝိုင်းဝိုင်းလည်နေခဲ့သမျှ အကုန်ငြင်းလာခဲ့တာ ခု သူရင်ခုန်နေမိတာ ကောင်မလေးတစ်ယောက်တဲ့လား။ ခုချိန်ထိ ယောင်္ကျားလေးတွေကို ရင်မခုန်မိတဲ့အကြောင်းကို တဖြည်းဖြည်းသဘောပေါက်လာသလို ခံစားလာရသည်။
သေချာစဥ်းစားကြည့်ပြန်တော့လဲ သူ မိန်းကလေးတွေကိုရင်ခုန်တတ်သူတော့မဟုတ်။
ဒီကလေးနဲ့မှ ဘာဖြစ်သွားတယ်မသိတော့ပေ။လာနေကြအချိန် အခန်းထဲရောက်မလာသဖြင့် ခိုင် သော့်အခန်းထဲဝင်သွားလိုက်တော့ ဖုန်းပြောနေတဲ့သော့်ကိုတွေ့လိုက်ရသည်။
ဖုန်း အေးအေးဆေးဆေးပြောပါစေဆိုပြီး အခန်းပြင်ထွက်ဖို့ လုပ်လိုက်တော့ သော်က ဖုန်းပြောနေရင်းနဲ့ သူ့ကို နောက်ကနေဖက်ထားသည်။
ရုတ်တရက် လုပ်လိုက်တဲ့ အပြုအမူကြောင့် ခိုင် ဘာလုပ်ရမှန်းမသိဖြစ်နေတော့သည်။
ခဏလေးပါပဲ စက္ကန့်ပိုင်းလေးအတွင်းမှာ ဖုန်းချလိုက်ပြီး သူ့ကို သော်က လွှတ်ပေးလိုက်သည်။
"ဖုန်းပြောတာပြီးနေပြီလေ ဘယ်သွားမလို့လဲ"
ခိုင့်လက်လေးကိုဆွဲပြီး သူ့ကုတင်ပေါ်ထိုင်ခိုင်းသည်။
"သော် မလာလို့ မမ လာကြည့်တာပါ။ သွားတော့မယ်"
ခုလိုစိတ်လှုပ်ရှားနေပုံမျိုးနဲ့ သော့်အခန်းထဲမှာ မနေချင်။ ပြန်ဖို့ ထလိုက်တော့ သော်က ပြန်ဆွဲထားပြန်သည်။
"အော် မမရယ် ဘယ်လိုဖြစ်နေတာလဲ။ မဟုတ်လဲ သော်က မမဆီလာမလို့ဟာကို"
"မလာနဲ့တော့ မမ စာဖတ်စရာတွေရှိသေးတယ်"
သော် မမကို သေချာကြည့်လိုက်တော့ မမ မျက်နှာလေးတွေ ရဲနေသလို။
"နေမကောင်းဘူးလား မမ။ မျက်နှာလေးတွေရဲနေတယ်နော်"
သော်ကမမရဲ့ နဖူးလေးကို လက်လေးနဲ့စမ်းပြီး မေးလိုက်သည်။
တကယ်လဲ နဖူးလေးက ပူနေသလို။
"ကောင်းပါတယ် ဖယ်ပေး မမသွားတော့မယ်"
သူဂရုစိုက်ပေးနေတာ အတင်းငြင်းနေတော့ သော် စိတ်တိုလာပြီး ထဖို့ ပြင်နေတဲ့ မမလက်ကို အားလေးနဲ့ ဆွဲထားလိုက်မိသည်။
မမ ဟန်ချက်ပျက်ပြီး သူ့အိပ်ရာလေးပေါ် လဲကျသွားတော့ သော်ချက်ချင်းပဲ မမပေါ်ကနေ အုပ်မိုးထားလိုက်သည်။
အကြည့်စူးစူးတွေနဲ့လူပေါ်ကနေ အုပ်မိုးပြီး ကြည့်နေတဲ့ သော့်ကို သူ မလွန်ဆန်နိုင်။
သော်က တဖြည်းဖြည်း သူ့မျက်နှာလေးနားကပ်လာတော့သည်။
အိပ်ရာခင်းလေးကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်ရင်း ခိုင် မျက်နှာလေးကို ဘေးကို လွဲထားလိုက်သည်။
သူ့ကို မျက်နှာလွဲသွားတဲ့ မမကို သော်နမ်းဖို့ ဆက်မကြိုးစားတော့။ မမ အနေရခက်နေတာသူသိသည်။ သူ မမကို အတင်း အကျပ်မလုပ်ချင်။
ကုတင်လေးပေါ် ပြန်ထိုင်နေလိုက်သည်။
"မမ ထတော့ သော် အရှိန်လွန်သွားလို့ တောင်းပန်တယ်နော်"
သော်က ခိုင့်လက်လေးကို ဆွဲထူလိုက်သည်။
သူ့ကို မကြည့်ပဲ တောင်းပန်စကားပြောနေတဲ့ သော့်ကို ခိုင် သနားမိသည်။ မမလဲ ရင်မောနေရပါတယ် သော်ရယ်။
သော့်အခန်းထဲကနေ မြန်မြန်လေးထွက်လာလိုက်သည်။ ဒီပုံစံနဲ့ သူတို့နှစ်ယောက် ဘယ်လို ရှေ့ဆက်ရမလဲဆိုတာတွေးရင်း ရင်မောလာသည်။
YOU ARE READING
Lovely Thaw
Romance"သကြားလုံး ငုံထားမှတော့ ချိုမှာပေါ့ သော်ရယ်"" "မဟုတ်ပါဘူး မမ အချစ်တွေကချိုနေတာ"