သော် အိမ်ပြန်ရောက်တာ သုံးလပြည့်တဲ့အချိန်မှာပဲ အဖွားဆုံးသွားခဲ့သည်။ အဖွားလည်း ဖေဖေနဲ့ မေမေတို့လိုပဲ သော့်ကို ထားခဲ့ပြန်ပြီ။
"သော် ထမင်းစားရအောင်လေ လာ"
အဖွားဆုံးပြီးထည်းက အစားတောင်ကောင်းကောင်းမစားတော့တဲ့သူ့ကို ဂရုတစိုက်နဲ့ ရှိပေးသူက မမ။
"သော် မစားချင်သေးဘူး။ မမ စားနှင့်လေ"
"လာပါသော်ရယ် မမနဲ့ အတူစားရအောင်ပါနော်"
မမက လက်လေးကို ဆွဲပြီး ခေါ်ရှာသည်။
သော် မျက်ရည်လေးတွေ ကျလာပြန်သည်။
"ဘာလို့ ငိုနေပြန်တာလဲသော်ရယ်။ တနေကုန် ငိုနေရင် ခေါင်းတွေကိုက်နေမှာပေါ့"
"သော့်မှာ ဘယ်သူမှ မရှိတော့ဘူး မမရယ်"
"မမရှိပါသေးတယ် ကလေးရယ်"
"မမလည်း သော့်ကို ထားသွားခဲ့တာပါ"
ခိုင် သော့်ကို ဖက်ထားလိုက်သည်။
သော် မမကို ဖက်ပြီး အားရပါးရငိုချလိုက်မိသည်။
သူချစ်ရတဲ့သူတွေ အားလုံး သူ့ကိုထားသွားကြသည်။ ဒီ ခံစားချက်ကြီးကို သူ မခံစားနိုင်တော့။ခိုင်နဲ့ သော်တို့ကို ကြည့်ပြီး မေ သက်ပြင်းလေး ချလိုက်မိသည်။
သူဘယ်လောက်ပဲ ခိုင့်ကို သော့်ရင်ထဲက ဆွဲထုတ်ခဲ့လည်း သော့်ရင်ထဲမှာ ခိုင်က အမြဲနေရာယူထားသည်။
မ အတွက် သော့်ရင်ထဲမှာ နေရာမရှိတော့ဘူးလား သော်ရယ်.....အဖွားဆုံးပြီး တလအကြာမှာ မမနဲ့ ကိုမင်းလတ်လဲ ကွာရှင်းလိုက်သည်။
မမက အိမ်မှာပဲ ပြန်လာနေသလို သော်လည်း မ ဆီကို မပြန်ဖြစ်တော့။"မမ သော့်ကို ခေါင်းသုတ်ပေးအုံး"
ထုံးစံအတိုင်း ခေါင်းလျှော်ပြီး မမအခန်းထဲ သွားကာ ခေါင်းသုတ်ခိုင်းလိုက်သည်။မမက သူ့ကို ခေါင်းသုတ်ပေးရင်း ငြိမ်သက်နေသည်။
"မမ ငြိမ်လှချည်လား။ နေမကောင်းဘူးလားဟင်"
သော် မမကို ကြည့်ပြီး မေးလိုက်တော့ မမက ခေါင်းလေးခါပြသည်။
"ဘာဖြစ်နေတာလဲ မမရယ်။ သော့်ကိုပြောလေ"
"မမ အိမ်ပြောင်းမလို့သော်"
"ဘယ်လို...."
"မမ အပြင်မှာ တစ်ယောက်ထည်းနေမလို့"
"မနေရဘူး...."
"မမ အားလုံးစီစဥ်ပြီးသွားပြီ"
"နေပါအုံး မမရယ်။ မမက သော့်ဆီက ဘာလို့ အမြဲ ထွက်သွားနေရတာလဲ။ ခုသော် မမနားကို ပြန်လာနေတယ်လေ။ မမ ထပ်ပြီး ထားခဲ့အုံးမလို့လား"
"မမ သော့်ကို ထားတုန်းက ထားခဲ့ပြီးမှ ခုလိုအခြေအနေကျမှ မမဆီ ဘယ်လိုပြန်ခေါ်ရက်ပါ့မလဲ ကလေးရယ်"
"ခု မမက ဘာဖြစ်နေလို့လဲ။ သော်တို့ အရင်လိုပဲ ပြန်နေကြမယ်လေ။ ဒီတခါတော့ မမကို သော် သွားခွင့်မပေးနိုင်တော့ဘူး။
မမ ဘေးမှာ သော်ရှိနေရင် မမ ပျော်တယ်မလား။ သော့်အတွက်လည်း မမ ပျော်ဖို့ပဲ အရေးကြီးတာပါ။ မမ မေမေကြောင့်လား။ ဒီတခါ သော်ရအောင်ဖြေရှင်းပါ့မယ် နော် မမ"
သော် မမကို ဖက်ထားလိုက်သည်။
ESTÁS LEYENDO
Lovely Thaw
Romance"သကြားလုံး ငုံထားမှတော့ ချိုမှာပေါ့ သော်ရယ်"" "မဟုတ်ပါဘူး မမ အချစ်တွေကချိုနေတာ"