U ver...❈𝑨𝒔 𝑻𝒉𝒆 𝑾𝒊𝒕𝒏𝒆𝒔𝒔 𝑶𝒇 𝑯𝒆𝒂𝒗𝒆𝒏 𝑨𝒏𝒅 𝑬𝒂𝒓𝒕𝒉🕊.⋆ 𝐒𝐘𝐒𝐓𝐄𝐌
" ချစ်တယ် ကိုယ့်အသက်နဲ့ခန္ဓာတည်သ၍မင်းလေးတစ်ယောက်တည်းကိုပဲဆက်ချစ်သွားမယ်...ကမ္ဘာမြေကြီးပျက်စီးသွားရင်တောင်ကိုယ့်ရဲ့အချစ်တွေကမင်းလေးတစ်ယောက်ထဲအတွက်ဆက်ပြီးရှင်သန်နေဦးမှာပဲ "
" ချစ်တယ် ကျွန်မလည်းကို့ကိုချစ်တယ် ကို့ထက်မပိုတောင်ကို့ထက်မလျော့တဲ့အချစ်တွေနဲ့ကို့တစ်ယောက်ထဲကိုပဲ ဘဝဆက်တိုင်းဆက်တိုင်းချစ်နေမယ် "
ရောင်စုံပန်းခင်းကြီးရဲ့အလယ်တွင်တော့ တစ်ယောက်လက်ကိုတစ်ယောက်တင်းတင်းဆုပ်ကိုင်ကာမျက်နှာချင်းဆိုင်ရပ်၍အချစ်ရိပ်သန်းနေသောမျက်ဝန်းများနဲ့ကြည့်နေပြီးဘယ်လောက်ချစ်ကြောင်းကိုတစ်ယောက်ကိုတစ်ယောက်ဖွင့်ဟလျှက်ရှိနေပြီး ပတ်ဝန်းကျင်တစ်ခုလုံးတွင်လည်းအချစ်ရောင်လွှမ်းခြုံနေကာညနေ နေဝင်ဆည်းဆာရဲ့အလှကိုနောက်ခံထားလို့ လက်ရာမြောက်ကာ အသက်ဝင်နေတဲ့ပန်ချီကားတစ်ချပ်ပမာ ရှိနေတဲ့ထိုမြင်ကွင်းဟာမြင်သူတကာကို အကြည့်မလွှဲနိုင်အောင်ပြုစားနေသယောင်
ပြီးပါပြီ...
" ဟင် ပြီးသွားပြီတဲ့လား? ဟွန့် ဇာတ်သိမ်းကလည်း ဘယ်လိုကြီးလဲမသိဘူး "
အခန်းတစ်ခုရဲ့ခုတင်ပေါ်တွင်တော့ဝမ်းလျားမှောက်ကာစာအုပ်တစ်အုပ်ကိုကိုင်လို့ မျက်နှာထက်တွင်လည်းအလိုမကျမှုတို့နဲ့အတူ နှုတ်ခမ်းတို့ကိုရှေ့သို့ဆူထော်ကာပွစိပွစိနဲ့တရားရွတ်နေတဲ့ကောင်လေးတစ်ယောက်
ထိုကောင်လေးကတော့ ကောင်းကင်ယံလို့ခေါ်ပြီး ဝတ္ထုတွေ၊ဇာတ်လမ်းတိုတွေ၊ပုံပြင်တွေ၊ fic တွေကိုဖတ်ရတာကြိုက်နှစ်သက်သူတစ်ယောက်ဖြစ်သည်
အခုလည်း " ကံကြမ္မာငင် "ဆိုတဲ့ဝတ္ထု ကိုဖတ်ပြီးဇာတ်သိမ်းသွားတာကြောင့် စိတ်အလိုမကျဖြစ်နေခြင်းသာ
" ဘယ်အချိန်ရှိပြီလဲမသိဘူး... "
ဆိုကာနာရီကိုကြည့်လိုက်တော့ ၁၂နာရီအတိ
" အယ် ၁၂ တောင်ရှိသွားပြီ! မဖြစ်သေးပါဘူး အိပ်မှပဲ မနက်ဖြန်စောစောမထရင် ဒယ်ဒီဖားသားကြီးကပွားနေဦးမယ် "
YOU ARE READING
❈𝑨𝒔 𝑻𝒉𝒆 𝑾𝒊𝒕𝒏𝒆𝒔𝒔 𝑶𝒇 𝑯𝒆𝒂𝒗𝒆𝒏 𝑨𝒏𝒅 𝑬𝒂𝒓𝒕𝒉🕊.⋆ 𝐒𝐘𝐒𝐓𝐄𝐌
Paranormalဝတ္ထုတစ်ခုကိုဖတ်နေရင်း မတော်တဆထိုဝတ္ထုထဲကိုရောက်သွားပြီး system တစ်ခုနဲ့ချိတ်ဆက်မိသွားတဲ့ ကောင်လေးတစ်ယောက် System နဲ့ဘယ်လိုနှစ်ပါးသွားမလဲဆိုတာကတော့... ကိုယ်တိုင်းပဲဝင်ဖတ်ကြည့်လိုက်ပါလို့ပဲပြောချင်တယ်😅😅 ‼️ဤ fic သည် ကျွန်ုပ်၏ကိုယ်ပိုင်အတွေးစိတ်ကူးသာ...