🍒Chapter -4🍒

105 11 4
                                    



U ver



❈𝑨𝒔 𝑻𝒉𝒆 𝑾𝒊𝒕𝒏𝒆𝒔𝒔 𝑶𝒇 𝑯𝒆𝒂𝒗𝒆𝒏 𝑨𝒏𝒅 𝑬𝒂𝒓𝒕𝒉🕊.⋆ 𝐒𝐘𝐒𝐓𝐄𝐌






ကြားလိုက်ရသည့်စကားကြောင့် နားစည်အတွင်းဗုံးပေါက်ကွဲသွားသလိုခံစားလိုက်ရသည်။

ရေ ရေချိုးမယ် ဟုတ်လား…?

သူ့ကိုပွေ့ချီထားသည့် ဇာတ်လိုက်ကောင်ရဲ့လက်ထဲမှ ဇွတ်အတင်းရုန်းကန်မိတော့သည်။ဒီနှာဘူးကောင်ရဲ့ရေချိုးပေးတာကိုငြိမ်ခံစရာလား…?။

လုံးဝကိုလက်မခံနိုင်စရာပဲ…။

“ ဂီးးဂါးးး…meow!! ”
(လွှတ်ပေးစမ်း!!)

“ ဟာ မရုန်းနဲ့လေ ငြိမ်ငြိမ်နေ Nat…ရေမချိုးလို့မရဘူးလေ ညစ်ပေနေတာကို ”

“ meow!! meow!!!”
(လွှတ်စမ်း!! မင်းဖေငါကဘယ်နားမှာညစ်ပေနေလို့လဲကွ!!!)

အတင်းရုန်းကန်နေသည့်ကြောင်နက်ကလေးနှင့်ထိုကြောင်နက်ကလေးအားအတင်းချုပ်ကာမရုန်းနိုင်အောင်ကြိုးစားလို့နေသည့် ကောင်လေးတစ်ယောက်မှာတော့ ထိုအခန်းကျယ်အတွင်းရှိလို့နေ၏။

အချိန်တစ်ခုမျှကြာပြီးနောက်…

“ ……. ”
**ငါလူးထဲမှ! နှာဘူးကောင်! တဏှာရူးကောင်!! သစ်ရွက်ပဲ!!**

ဇွတ်အတင်းရုန်းနေသည့်သူ့ကိုအတင်းချုပ်ကာ ရေချိုးပေးပြီး အခုလည်း ရေသုတ်ပေးပြီး လေမှုတ်စက်ဖြင့် အခြောက်ခံပေးနေသည့် ဇာတ်လိုက်ကောင်အားစိတ်ထဲမှမကျေမနပ်ဖြင့်ဆဲရေးလိုက်သည်။အနှီးဇာတ်လိုက်မှာတော့ သူလုပ်ချင်တာလုပ်ပြီး မျက်နှာမှာ ကျေနပ်နေသည့်အပြုံးကြီးကြီးပြုံးကာရှိနေပုံမှာ မျက်ခွက်ကိုစုတ်ပြတ်သတ်သွားအောင်ကုတ်ခြစ်ပစ်ချင်စရာပင်ကောင်းအောင်အမြင်ကပ်စရာရယ်အတိ။

“ ~အဟင်းး~~ ”
★ဘယ်လိုတောင်မှချစ်ဖို့ကောင်းနေရတာပါလိမ့်…★

သူ့ရဲ့ဇွတ်တရွတ်အပြုအမူကြောင့် မကျေမနပ်ဖြစ်နေသည်ထင်။ လေအခြောက်ခံနေရင်း သူ့အား အလိုမကျသည့်မျက်နှာဖြင့် မကြာခဏဆိုသလိုမျက်လုံးလှန်ကာကြည့်လို့နေလေသည်ကြောင့် သဘောကျကာဖြင့်ခပ်ကြိတ်ကြိတ်ရယ်မိသည်။

❈𝑨𝒔 𝑻𝒉𝒆 𝑾𝒊𝒕𝒏𝒆𝒔𝒔 𝑶𝒇 𝑯𝒆𝒂𝒗𝒆𝒏 𝑨𝒏𝒅 𝑬𝒂𝒓𝒕𝒉🕊.⋆ 𝐒𝐘𝐒𝐓𝐄𝐌Where stories live. Discover now