🍒Chapter -1🍒

203 20 2
                                    


U ver






❈𝑨𝒔 𝑻𝒉𝒆 𝑾𝒊𝒕𝒏𝒆𝒔𝒔 𝑶𝒇 𝑯𝒆𝒂𝒗𝒆𝒏 𝑨𝒏𝒅 𝑬𝒂𝒓𝒕𝒉🕊.⋆ 𝐒𝐘𝐒𝐓𝐄𝐌






“ meow meow meow?? ”
( ကောင်းပြီလေ ငါမင်းတို့နဲ့ပူးပေါင်းမယ် ဒါပေမဲ့ ငါဘာကြောင့် စကားပြောတိုင်းကြောင်သံပဲကြားနေရတာလဲ?? )

သူလည်း‌ပူးပေါင်းရန်သဘောတူကြောင်းပြောလိုက်ရင်း သူစကားပြောတိုင်းကြားနေရတဲ့ကြောင်သံကြောင့် သူ့ရှေ့က system ကိုမေးလိုက်တယ်

[ အဟမ်း…အဲ့ဒါက ဒီလိုရှိတယ် hostရဲ့… ]

“ meow meow ”
(ဘာကဘယ်လိုရှိတာလဲ ဆိုပါဦး)

System လေးခင်ဗျာ host ဖြစ်သူရဲ့အမေးကြောင့်ဘယ်ကနေဘယ်လိုပြန်ဖြေရမှန်းမသိတာကြောင့် စကားပုလ္လင်ခံနေပေမဲ့ host ဖြစ်သူရဲ့ဖြတ်ပြီးပြောလာတဲ့စကားသံကြောင့် မရှိတဲ့အမွှေးတွေတောင်အကုန်ထောင်လာတယ်လို့ခံစားလိုက်ရတယ်

[ အဟဲ host ကျွန်တော့ကိုအထက်ကခေါ် ခေါ်… ]

“ meow! meow! meow! ”
( တော်! တန်! တိတ်! ဘာမှမကြားချင်ဘူး! ငါမေးတာပဲဖြေ! )

သူမေးတာကိုမဖြေပဲ အထက်ကိုအကြောင်းပြပြီးရှောင်ထွက်ဖို့လုပ်နေတဲ့ system ကြောင့် သူဒေါသသံစွတ်ကာပြောလိုက်ပေမဲ့ ကြောင်သံပဲကြားနေရတာကြောင့် စိတ်အစုံဟာပိုလို့တောင်တိုလာရတယ်

ငါလေးက system နောကျေးနေပါပြီ ဘာဆိုဘာတန်းသိတယ်။ဒါပေမဲ့…ဒီကြောင်သံကဘယ်ကနေကြားနေရတာလဲလို့…

[ တ တကယ်တော့လေ ho host ဝင်ထားတဲ့ကိုယ်က… ]

“ တောထဲမှာဘယ်လိုလုပ်ပြီး ကြောင်ကရှိနေရတာလဲ? တောကြောင်လား? ”

ဆိုကာ ရောက်လာတဲ့လူတစ်ယောက်ဟာသူ့ရှေ့မှာရှိနေတဲ့ အနက်ရောင်ကြောင်လေးကိုရုတ်ချည်းပွေ့ချီလိုက်တာကြောင့် အနက်ရောင်ကြောင်လေးမှာထွက်ပြေးချိန်တောင်မရလိုက်ပေ

ကောင်းကင်ယံ system ရဲ့စကားကို‌နားထောင်နေတုန်း သူတို့နားကိုရောက်လာတဲ့လူတစ်ယောက်ကိုသတိမထားမိလိုက်ပေ။ထိုလူဟာစကားပြောရင်း သူ့ကိုရုတ်တရပ်ပွေ့ချီလိုက်တာကြောင့်သူ့မှာရုန်းချိန်တောင်မရလိုက်၊ဒါပေမဲ့ထိုလူစကားကြောင့် သူသိလိုက်ရတာက သူဝင်ထားတဲ့ကိုယ်ဟာ ကြောင်တစ်ကောင်ဖြစ်နေတယ်ဆိုတာကိုပင်

❈𝑨𝒔 𝑻𝒉𝒆 𝑾𝒊𝒕𝒏𝒆𝒔𝒔 𝑶𝒇 𝑯𝒆𝒂𝒗𝒆𝒏 𝑨𝒏𝒅 𝑬𝒂𝒓𝒕𝒉🕊.⋆ 𝐒𝐘𝐒𝐓𝐄𝐌Where stories live. Discover now