🍒Chapter -6🍒

77 7 0
                                    






U ver




❈𝑨𝒔 𝑻𝒉𝒆 𝑾𝒊𝒕𝒏𝒆𝒔𝒔 𝑶𝒇 𝑯𝒆𝒂𝒗𝒆𝒏 𝑨𝒏𝒅 𝑬𝒂𝒓𝒕𝒉🕊.⋆ 𝐒𝐘𝐒𝐓𝐄𝐌







အထပ်မြင့်တိုက်ကြီးများအကြား ထင်းလင်းစွာဖြင့်ထင်ပေါ်လို့နေသည့် မိုးမျှော်တိုက်ကြီးမှာ အပြင်မှမြင်နေရရုံဖြင့်ပင် တင့်တယ်လျောက်ပတ်လို့နေပေသည်။ထိုမိုးမျှော်တိုက်ကြီး၏ရှေ့မျက်နှာစာရှေ့တွင်ထိုးရပ်လိုက်သည့် နက်ပြာရောင်ဇိမ်ခံကားတစ်စီးမှာတော့ဖြင့် နေအလင်းရောင်အောက်ဝယ်တောက်ပြောင်နေလျက်ရှိ၏။

“ ရောက်ပါပြီ Boss ”

အတွင်းရေးမှူးဖြစ်သူ ခွန်း ပြောကာကားနောက်ခန်းတံခါးကိုဖွင့်ဟပေးလိုက်သည်နှင့် ကားထဲမှဦးစွာထွက်ပြူလာသည့် ခြေတံတစ်ခုမှာ ဒီဇိုင်နာချုပ်အညိုရောင်ရှူးဖိနပ်အားသေသပ်စွာဖြင့်ဆင်မြန်းထား၏။ဤသည်မှာလွန်စွာတန်းဖို့မြင့်ဖိနပ်တစ်ရံမှန်းသိပ်သိသာလှစွာဖြင့်။ နောက် မဲနယ်ရောင်ဖြင့်ဒီဇိုင်နာချုပ်အနောက်တိုင်းဝတ်စုံမှာလည်း လိုချင်သူတိုင်းမရနိုင်သည့်ပိုးချည်သားမျိုးဖြင့်သေသပ်လှပစွာချုပ်လုပ်ထားသည်မှာ ထိုသူနှင့်ပနှံသင့်စွာလိုက်ဖက်တင့်တယ်၏။

ထိုကုမ္မဏီတွင်းရှိဝန်ထမ်းများမှာတော့ အနက်ရောင်တစ်ဖက်မြင်မှန်မှရှင်းလင်းစွာမြင်တွေ့နေရသည့် သူဌေးဖြစ်သူရဲ့ချောမောခန့်ညားမှုအား မမိန်းမောပဲမနေနိုင်စွာဖြင့် ပို၍ပြတ်သားစွာမြင်တွေ့ရရန်မျှော်လင့်စောင့်စားလို့နေကြသည်။ ထိုသို့စောင့်စားနေခိုက် သူတို့အမြင်အာရုံအတွင်းအလုံးစုံဝင်ရောက်လာသည့် ပုံရိပ်ကြောင့် အချိန်တွေရပ်တန့်သွားသည့်နှယ် အံ့ဩမှင်သက်ကာဖြင့် မျက်လုံးပြူးမျက်ဆံပြူးများဖြင့်ကြည့်မိကြရင်း တစ်ချို့ဆိုလျှင် ပါးစပ်အဟောင်းသားဖြင့်ပြူးကြည့်နေကြသူများလည်းရှိ၏။

{တစ်ဖက်မြင်မှန်ဆိုတာကိုသိတယ်မလား? အတွင်းဘက်ကဆိုအပြင်မှာဖြစ်နေတာတွေကိုအရှင်းသားမြင်ရနိုင်ပေမယ့် အပြင်ဘက်ကဆိုရင်ဘာမှမမြင်ရဘူးလေ။အဲ့တာကို ကိုယ်ကအလွယ် တစ်ဖက်မြင်မှန် ဆိုပြီးရေးလိုက်တာပါ ဟီးးး😁}

❈𝑨𝒔 𝑻𝒉𝒆 𝑾𝒊𝒕𝒏𝒆𝒔𝒔 𝑶𝒇 𝑯𝒆𝒂𝒗𝒆𝒏 𝑨𝒏𝒅 𝑬𝒂𝒓𝒕𝒉🕊.⋆ 𝐒𝐘𝐒𝐓𝐄𝐌Where stories live. Discover now