U ver
❈𝑨𝒔 𝑻𝒉𝒆 𝑾𝒊𝒕𝒏𝒆𝒔𝒔 𝑶𝒇 𝑯𝒆𝒂𝒗𝒆𝒏 𝑨𝒏𝒅 𝑬𝒂𝒓𝒕𝒉🕊.⋆ 𝐒𝐘𝐒𝐓𝐄𝐌
မျက်နှာအပြောင်းအလဲမြန်လွန်းသည့် ဇာတ်လိုက်ကြီးမှာ မသိလျှင်မိခင်ဖြစ်သူအား ဂျစ်တိုက်ကာချွဲနေသည့် ကလေးလေးတစ်ယောက်နှင့်ပင်တူညီလို့နေသည်။
ဘေးမှနေ၍မျက်နှာငယ်လေးဖြင့် သူ့အားကြည့်နေသည့် ဇာတ်လိုက်ကြီးကို မကြည်ကြည့်ဖြင့် ကြည့်နေလိုက်သည်။
“ ရက်စက်လိုက်တာ ကလေးလေးရယ် ”
“ ……. ”
*ငါ ဒီဇာတ်လိုက်အရူးကို ရိုက်ပစ်ချင်နေပြီ ဟင်းဟင်း စိတ်ထိန်း စိတ်ထိန်း…*အံကြိတ်မိရင်း စိတ်ထဲမှရေရွတ်နေမိသည်။သူအမှန်တကယ်ကို ဒီဇာတ်လိုက်ကြီးကို ထုရိုက်ပစ်ချင်နေပြီဖြစ်သည်။
“ ကလေးလေး ကိုယ်သည်းမခံနိုင်တော့ဘူး ”
“ …!!!… ”
ပြောပြောဆိုဆိုဖြင့် သူ့ရဲ့ကြောင်ခန္ဓာကိုယ်ကို ပွေ့ချီလိုက်ပြီး သူ့ပါးစပ်ကို ဇာတ်လိုက်ကြီးက နှုတ်ခမ်းနဲ့ဖိကပ်ပြီး နမ်းလိုက်သည်မို့ လန့်သွားမိသလို တောင့်တောင့်ကြီးဖြစ်သွားရသည်။
အချိန်အတော်ကြာသည်အထိ လွှတ်မပေးပါပဲ ဆက်နမ်းနေသေးသည့် နှာဘူးဇာတ်လိုက်ကြီးကြောင့် ဒေါသကတစ်ရိပ်ရိပ်ဖြင့်တက်လာရသည်။
“ meowww!!!…”
(သောက်ဂွတဲ့! နှာ ဘူး ကောင်!!!)“ အာ့! ”
ဒေါသထွက်စွာဖြင့် နှာဘူးဇာတ်လိုက်ရဲ့မျက်နှာကို လက်သည်းနဲ့ကုတ်ခြစ်ပစ်လိုက်ပြီး ပြောလိုက်သည်။ အသံကတော့ ကြောင်သံပဲပေါ့။
သူ့မျက်နှာကိုလက်သည်းနဲ့ကုတ်ခြစ်ပြီး ဒေါသတကြီးဖြင့် အော်ဟစ်လာသည့် အကောင်ပေါက်လေးမှာ သူ့လက်ထဲမှ ဘယ်လိုရုန်းလို့ထွက်သွားမှန်းပင်မသိလိုက်ပေ။
ကုတ်ခံထားရသည့် ဘယ်ဖက်ပါးပြင်မှာ စပ်ဖျင်းဖျင်းနှင့်ပူထူလို့နေ၏။ သူလည်း အကောင်ပေါက်လေးကို ကြည့်မိတော့ သူ့ကိုဒေါသငွေ့ချောင်းချောင်းထနေသည့် ရွှေဝါရောင်မျက်ဝန်းတွေနဲ့ မျက်မှောင်ကုတ်ရင်းစိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။
YOU ARE READING
❈𝑨𝒔 𝑻𝒉𝒆 𝑾𝒊𝒕𝒏𝒆𝒔𝒔 𝑶𝒇 𝑯𝒆𝒂𝒗𝒆𝒏 𝑨𝒏𝒅 𝑬𝒂𝒓𝒕𝒉🕊.⋆ 𝐒𝐘𝐒𝐓𝐄𝐌
Paranormalဝတ္ထုတစ်ခုကိုဖတ်နေရင်း မတော်တဆထိုဝတ္ထုထဲကိုရောက်သွားပြီး system တစ်ခုနဲ့ချိတ်ဆက်မိသွားတဲ့ ကောင်လေးတစ်ယောက် System နဲ့ဘယ်လိုနှစ်ပါးသွားမလဲဆိုတာကတော့... ကိုယ်တိုင်းပဲဝင်ဖတ်ကြည့်လိုက်ပါလို့ပဲပြောချင်တယ်😅😅 ‼️ဤ fic သည် ကျွန်ုပ်၏ကိုယ်ပိုင်အတွေးစိတ်ကူးသာ...