2 နှစ်ပြည့်အမှတ်တရ...
ကျယ်ဝန်းလှတဲ့ ခြံဝန်းကြီးတစ်ခုအတွင်း ကိုယ်စီကိုယ်ငှဖြင့်အလုပ်ရှုပ်လို့နေကြသည့် လူများကရှိလို့နေလေသည်
" ကလေးငယ်ရာ ကြည့်ပါဦး ဂျုံမှုန့်တွေပေလို့ "
" ဟီးး... "
" ဟုတ်ပါ့ ကိုယ့်ကလေးငယ်မျက်နှာမှာလဲပေကျံလို့ပါပဲလား? "
" ဟျောင့် ငါ့ခေါ်တိုင်းလိုက်မခေါ်နဲ့ "
" ဖြစ်ရလေ ငါ့ဟာငါခေါ်တာလေ "
တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်းစစ်ခင်းလို့နေသည့် ချင်းဇီဖုန်းနဲ့ရှန်းလီမင်းအား ခေါင်းအသာရမ်းလို့"စိတ်လေတယ်"ဆိုသည့်ပုံစံမျိုးဖြင့်ကြည့်လို့နေသည့် ကျိုးရှီယန်(ဝတ္ထုကမ္ဘာမှရှောင်ယန်)နဲ့ကျိုးရှီယန်
" အရှင် ကြည့်ပါဦး ဟိုမှာရန်ဆောင်နေပြန်ပြီ "
" သူတို့နှစ်ယောက်ကိုလွှတ်ထားလိုက်ပါ... လာ ကိုယ်တို့ ဒါလေးအမြန်ပြီးအောင်လုပ်ရအောင် "
" ဟုတ်... "
သူ့(ဝေ့လွီအန်း)စကားကို ချစ်စဖွယ်အမူအရာလေးဖြင့်ခေါင်းညိတ်ကာပြန်ဖြေလာသည့် သူ(ပိုင်လင်ဟွား)လေးကြောင့် အသည်းယားစွာဖြင့်ခေါင်းအားပွတ်သပ်မိသည်
" လူကြီး ဒီပုံစံကဘယ်လိုနေလဲဟင်? "
" လှတယ်...ကိုယ့်ကလေးတော့မမှီဘူး "
" ဟာဗျာ "
မျက်နှာလေးရဲကာရှက်သွေးဖြာနေသည့် ကြွေရုပ်လေးကြောင့် သဘောကျကာပြုံးလိုက်မိသည်
" Honey အဲ့လိုမလုပ်ရဘူးလေ...လာ မမပြမယ်"
" ဟုတ် မမ "
" မွ...ချစ်ဖို့ကောင်းလို့ "
သူမအနားကိုရောက်လာသည့် သူမလေး၏ပါးအား တစ်ချက်နမ်းလိုက်တော့ ရှက်ကာခေါင်းလေးငုံ့သွားသည်မို့ ပြုံးလိုက်မိရင်း လုပ်လက်စအားဆက်လက်လုပ်ရန်ဟန်ပြင်လိုက်သည်
" ပါပါး ပါပါး...daddy ကအဲ့လိုကျတော့ပိုပြီးကြည့်ကောင်းတယ်မလားဟင်? "
YOU ARE READING
❈𝑨𝒔 𝑻𝒉𝒆 𝑾𝒊𝒕𝒏𝒆𝒔𝒔 𝑶𝒇 𝑯𝒆𝒂𝒗𝒆𝒏 𝑨𝒏𝒅 𝑬𝒂𝒓𝒕𝒉🕊.⋆ 𝐒𝐘𝐒𝐓𝐄𝐌
Paranormalဝတ္ထုတစ်ခုကိုဖတ်နေရင်း မတော်တဆထိုဝတ္ထုထဲကိုရောက်သွားပြီး system တစ်ခုနဲ့ချိတ်ဆက်မိသွားတဲ့ ကောင်လေးတစ်ယောက် System နဲ့ဘယ်လိုနှစ်ပါးသွားမလဲဆိုတာကတော့... ကိုယ်တိုင်းပဲဝင်ဖတ်ကြည့်လိုက်ပါလို့ပဲပြောချင်တယ်😅😅 ‼️ဤ fic သည် ကျွန်ုပ်၏ကိုယ်ပိုင်အတွေးစိတ်ကူးသာ...