🍒Chapter -2🍒

171 15 4
                                    



U ver






❈𝑨𝒔 𝑻𝒉𝒆 𝑾𝒊𝒕𝒏𝒆𝒔𝒔 𝑶𝒇 𝑯𝒆𝒂𝒗𝒆𝒏 𝑨𝒏𝒅 𝑬𝒂𝒓𝒕𝒉🕊.⋆ 𝐒𝐘𝐒𝐓𝐄𝐌






ကောင်းကင်ယံတစ်ယောက် သူ့ကိုပွေ့ချီကာပွတ်သပ်နေသည့်လူကြောင့် အတင်းရုန်းချင်သော်လည်းရုန်း၍မရပေ။

*ဝေး…system ရှိနေလား?*

[ဟုတ်ကဲ့... 24 နာရီအသင့်ရှိနေပါတယ် ]

*ငါဒီလူ့လက်ထဲကနေလွတ်မြောက်ဖို့အခွင့်အရေးရှိလား?*

[မရှိပါဘူး]

System  ငါးလေးရဲ့အပြောကြောင့် စိတ်လေစွာဖြင့်သက်ပြင်းချမိတယ်။သူလည်း မထူးဇာတ်ခင်းကာဖြင့် သူရောက်နေသည့် နေရာအကြောင်းကိုသာတွေးလိုက်သည်

အခုရောက်နေတဲ့နေရာဟာ အခြားမဟုတ် သူမအိပ်ခင်ဖတ်ခဲ့တဲ့ သဘာဝလွန်ဝတ္ထုဆန်းထဲကိုဖြစ်တယ်

ဝတ္ထုအကြောင်းကိုပြောရမယ်ဆိုရင်တော့ဖြင့်အင်း အဲ့တာကိုမပြောခင် အရင်ဆုံး ဘုံသုံးဘုံအကြောင်းကနေစရမယ်

{တီးတဲ့ဗုံကိုပြောတာဟုတ်ဘူးနော်}

ဝတ္ထုဇာတ်လမ်းရဲ့စတင်ဖြစ်တည်လာမှုကတော့ လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ကျော်လောက်ကနေစပြောမှရမယ်

ရှေးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာလောက်တုန်းက ဒီလောကကြီးမှာ အထက်ဘုံဆိုတဲ့နတ်ဘုရားတွေကြီးစိုးနေထိုင်ရာ ကောင်းကင်ဘုံ၊‌သေမျိုးတွေရှင်သန်နေထိုင်ရာ လူ့ဘုံ၊ နတ်ဆိုးတွေကြီးစိုးအုပ်ချုပ်ရာ ငရဲဘုံ ဆိုပြီး ဘုံသုံးဘုံရှိသတဲ့…

တစ်နေ့တစ်‌၌ ကောင်းကင်ဘုံကိုအစိုးရတဲ့ ကောင်းကင်နတ်မင်းကြီး တစ်နည်းအားဖြင့်ဆိုရလျှင် ကောင်းကင်ဧကရာဇ်မင်းကြီးဟာဆိုရင်ဖြင့် သေမျိုးလောကဖြစ်တဲ့လူသားတွေရှင်သန်ရာလူ့ဘုံသို့ စူးစမ်းလေ့လာရန်အလို့ငှား တစ်ကိုယ်တော် ခြေဆန့်ခဲ့လေသတဲ့

ထိုအကြောင်းအရာအား ငရဲဘုံမှ နတ်ဆိုးအရှင်သိသွားသည့်အခါမယ်တော့ နကိုတည်းက သုံးလောကဘုံကိုလက်ဝါးကြီးအုပ်ချင်နေသည့် နတ်ဆိုးအရှင်ဟာ ကောင်းကင်ဧကရာ်မင်းကြီး တစ်ကိုယ်‌တည်း လူ့ဘုံမှာရှိနေသည်အား အခွင့်ကောင်းယူလျှက် နတ်ဆိုးတပ်သားများအားစေလွှတ်ကာ သတ်စေခဲ့သည်။ ကောင်းကင်မင်းကြီးမှာတော့ တစ်ကိုယ်တည်းဖြစ်နေသည့်အပြင်  နတ်ဘုရားစွမ်းအင်တစ်ချို့မှာလည်းဖိနှိပ်ခံထားရသည်မို့ များပြားလွန်းသည့် နတ်ဆိုးစစ်တပ်အားမတွန်းလှန်နိုင်စွာဖြင့် အရေးနှိမ့်ခဲ့ရချိန် သားရဲသတ္တဝါများရဲ့ကူညီကယ်တင်ခြင်းကိုခံခဲ့ရလေသည်

❈𝑨𝒔 𝑻𝒉𝒆 𝑾𝒊𝒕𝒏𝒆𝒔𝒔 𝑶𝒇 𝑯𝒆𝒂𝒗𝒆𝒏 𝑨𝒏𝒅 𝑬𝒂𝒓𝒕𝒉🕊.⋆ 𝐒𝐘𝐒𝐓𝐄𝐌Where stories live. Discover now