{နောက်ကျနေပြီမို့ စာပြန်မစစ်ထားပါ။ ဖြည့်စွက်ပြီးတော့သာဖတ်ရှုပေးကြပါဗျ}
________&&&&&____&&&_
U ver
❈𝑨𝒔 𝑻𝒉𝒆 𝑾𝒊𝒕𝒏𝒆𝒔𝒔 𝑶𝒇 𝑯𝒆𝒂𝒗𝒆𝒏 𝑨𝒏𝒅 𝑬𝒂𝒓𝒕𝒉🕊.⋆ 𝐒𝐘𝐒𝐓𝐄𝐌
“ အကျိုးရှိတဲ့ပူးပေါင်းလေးဖြစ်ပါစေ ”
“ သေချာတာပေါ့ ”
မျက်နှာချင်းဆိုင်ထိုင်နေရာမှ ပြိုင်တူ မတ်တပ်ရပ်လိုက်ရင်း လက်ဆွဲနှုတ်ဆက်ကာ ပြုံးရင်းစကားဆိုလိုက်သည်။
“ ဒါဆို ခွင့်ပြုပါဦး ”
“ ကောင်းပါပြီ ”
နှုတ်ဆက်ရင်း ထွက်သွားသည့် KN ကုမ္မဏီရဲ့ CEO ခန့်နိုင်ထူး
“ Boss ကုမ္မဏီကိုပြန်သွားမလား? ”
“ မသွားတော့ဘူး…မင်းပဲ ကုမ္မဏီကိုပြန်လိုက်တော့ ”
“ ဟုတ်ကဲ့ ”
ပြောပြီးသည်နှင့် ထွက်သွားသည့် Boss ဖြစ်သူကိုကြည့်ရင်း သူလည်းပဲ ထိုနေရာမှထွက်လာခဲ့လိုက်သည်။
တိမ်တိုက်တစ်ယောက် နေ့လည်ချိန်ရောက်ပြီမို့ အိမ်ပြန်ရန်တာဆူမိသည်။ သူ့အကောင်ပေါက်လေးအား မတွေ့ရတာ တစ်မနက်တောင်ရှိနေပြီမို့လား?။ သူလွမ်းလှပြီလေ။
သူလေးအတွက် သရေစာမုန့်တွေဝယ်သွားဖို့လည်းမမေ့ချေ။
သူလေးနှင့်အတူနေခဲ့သည့် တစ်လျှောက်လုံးမှာ သူလေး၏အကျင့် အတော်များများကို သိခဲ့ရလေသည်။ ထိုထဲမှာ မှ သူလေး၏ အမူအကျင့်တစ်ချို့မှာ လူသားတစ်ယောက်ကဲ့သို့ ပြုမူနေထိုင်မမှုမျိုးတွေ့ရပြီး သရေစာမုန့်စားရသည်အား အလွန်နှစ်သက်ကြောင်းကိုပါသိလာခဲ့ရသည်။
သူ့အကောင်ပေါက်လေးက တကယ့်ကို လူသားလေးတစ်ဦးနှင့်ပင် တူညီလွန်းလှသည်။ သူ့အတွေးထဲတွင်လည်း လူသားလေးတစ်ဦးအဖြစ်ပင် ထင်မှတ်မိလေသည်။ သူ့အတွေးတွေကို အခြားသူတွေသိလျှင် " အရူး " ဟူ၍ပင် သမုတ်ကြပေလိမ့်မည်။
ရိပ်မှာတော့ အိမ်တွင်တစ်ယောက်တည်းရှိနေ၍ ပျင်းရိစွာပင် ဧည့်ခန်းဆိုဖာပေါ်တွင် ထိုင်လို့နေပေသည်။
YOU ARE READING
❈𝑨𝒔 𝑻𝒉𝒆 𝑾𝒊𝒕𝒏𝒆𝒔𝒔 𝑶𝒇 𝑯𝒆𝒂𝒗𝒆𝒏 𝑨𝒏𝒅 𝑬𝒂𝒓𝒕𝒉🕊.⋆ 𝐒𝐘𝐒𝐓𝐄𝐌
Paranormalဝတ္ထုတစ်ခုကိုဖတ်နေရင်း မတော်တဆထိုဝတ္ထုထဲကိုရောက်သွားပြီး system တစ်ခုနဲ့ချိတ်ဆက်မိသွားတဲ့ ကောင်လေးတစ်ယောက် System နဲ့ဘယ်လိုနှစ်ပါးသွားမလဲဆိုတာကတော့... ကိုယ်တိုင်းပဲဝင်ဖတ်ကြည့်လိုက်ပါလို့ပဲပြောချင်တယ်😅😅 ‼️ဤ fic သည် ကျွန်ုပ်၏ကိုယ်ပိုင်အတွေးစိတ်ကူးသာ...