step son

569 60 1
                                    

[Unicode]
Chapter 1

Geoဟာလုပ်ကြံသတ်ဖြတ်သူတစ်ယောက်ဖြစ်တယ်။သူ့အဖွဲ့ရဲ့ထိပ်ပိုင်ခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့ပြီး သွေးစွန်းလမ်းကိုဦးဆောင်ခဲ့တယ်။သူဟာ ဝမ်းနည်းခြင်းor၊ဒေါသမထွက်ဘူး။အခြားသူတွေနဲ့ကွဲပြားစွာ သူ့ဘဝကိုကူညီတဲ့ သူတွေ ကကြီးမြတ်လို့ခံစားရတယ်။

သူဟာမိဘမဲ့တစ်ယောက်ဖြစ်တယ်။အင်အားကြီးသူကသာ ဥပဒေ ကို ပြုလုပ်တယ် ဆိုတာ
ငယ်စဉ်ကတည်း က အရိုးထဲထိမှတ်ယူခဲ့ရတယ်။သန်မာသူတွေက ဥပဒေဖြစ်ပြီး အားနည်းသူကနောက်လိုက်ဖြစ်တယ်။လူတွေက မိဘမဲ့တွေ ကို သနားမယ်ဒါမှမဟုတ်အမှိုက်တွေလိုဆက်ဆံမယ်။ဒါပေမယ့်သူတို့ကမိဘမဲ့တွေရဲ့ဆာလောင်မှုကိုကူညီဖို့အကြည့်တစ်ချက်တောင်ပေးကြမှာမဟုတ်ဘူး။

သူဟာခေါ်ဆောင်ခံလိုက်( မွေးစား)ရပြီးလုပ်ကြံသတ်ဖြတ်သူအဖြစ်လေ့ကျင့်ခဲ့ရတယ်။ဒါဟာခတ်ခဲတဲ့ အသက်မွေးဝမ်းကြောင်း တစ်ခုဖြစ်တယ်။သူတစ်နေ့3ကြိမ်စားနိုင်ပြီးပိုက်ဆံရတယ်။ဗဟုသုတ အကြားအမြင်ရတယ်။သူ ဘာသာစကား၊
အချက်အပြတ်၊ဆေးပညာ၊စက်ပြုပြင်ခြင်း၊အထူးသဖြင့်သတ်ဖြတ်နည်းတွေကိုသင်ယူခဲ့တယ်။

သူ ဟာ ခန္ဓာကိုယ်ခွဲစိတ်တဲ့နေရာ ဆရာဝန်တွေထက်တောင်တော်တယ်။

အထက်လူကြီးပိုင်းတွေ နဲ့ခေါင်းဆောင်တွေ တွေ့ဆုံတဲ့ပါတီ မှာ လူတွေ ဟာ သောက်စားကခုန်နေကြ ပေမယ့် သူတို့ ဟာ အမြဲသတိရှိနေတယ်ဆိုတာပြောနိုင်တယ်။သူတို့ ရဲ့တုံ့ပြန်နိုင်စွမ်း ဟာ အမြဲမြန်တယ်။ဒါဟာအမှောင်လောကရဲ့နိယာမဖြစ်တယ်။သူတို့ရဲ့သွေးသားဖြစ်ရင်တောင် တစ်ယောက်မှ
မယုံကြဘူး။

စိုးရိမ်စရာတြွေဖစ်လာပြီးရှုပ်ထွေးမှုတွေထွက်လာတယ်။ထို့နောက်မီး‌တွေပိတ်သွား
တယ်။မရေမတွက်နိုင်တဲ့သေနက်တွေပစ်လာကြတယ်။ပါတီအတွင်းမှလူတွေကလည်းပြန်လည်ပစ်ခတ်ကြတယ်။မီးတြွေပန်လာချိန်မှာသူတို့(ပါတီမှလူတွေ)ဟာအဝိုင်းခံလိုက်ရတယ်။ဒါပေမယ့်သူတို့ဟာသတ်ဖြတ်သူတြွေဖစ်တယ်။သတ်ဖြတ်သူတွေဟာသေဖို့အတွက်အသင့်ဖြစ်နေရမယ်။ဒါကြောင့်သူတို့ဟာသေ သည်အထိတိုက်ခိုက်ခဲ့ကြတယ်။

လယ်သမားရဲ့ဇနီးသည်( BL)Where stories live. Discover now