Buying supplies(ဈေးဝယ်ခြင်း၁၃)

888 67 10
                                    

[Unicode]
Chapter 13

"Alli! နင် ခွေး ကောင်!ထွက်လာပြီးငါ့မျက်နှာကိုကြည့်အုံး.!နင် ခွေးကောင်!ယုတ်မာတဲ့ခွေးကောင်.!"

Alliသာမက၊အိမ်နီးချင်းတွေပါ ပြဇာတ်(show)ကြည့်ဖို့ထွက်လာကြတယ်။

Alliထွက်လာပြီးတံခါးကိုမှီကာလက်ပိုက်လိုက်တယ်။

" ငါ့အိမ်ရှေ့မှာငါ့ကိုလာအော်နေတာဘယ်သူလဲ..?"သူမျက်မှောင်ကြုပ်လိုက်တယ်။

"နင် ငါ့ကိုဘာလုပ်ခဲ့တာလဲ?"

သူ မျက်ခုံးပင့်လိုက် ပြီး

" ငါ က မင်းကို ဘာလုပ်ရမှာလဲ?ငါ မင်းကိုတောင်မသိတာ။"Geo နှာခေါင်းရှုံ့လိုက်တယ်။

Kyla သူမရဲ့ခြုံထည်ကိုဖယ်ရှားလိုက်တယ်။

ရွာသူတွေပင့်သက်ရှိုက်လိုက်တယ်။
အချို့ကသူတို့ရဲ့ပြောင်နေတဲ့ဦးခေါင်းတွေကိုဖုံးကွယ်ဖို့ဆောင်းထားတဲ့ဦးထုတ်တွေကိုထိလိုက်ပြီးလက်သီးကျစ်ကျစ်ပါအောင်ဆုပ်လိုက်တယ်။

" ဘာဖြစ်တာလဲ၊Kyla..?"

Kylaရဲ့ အဒေါ်တစ်ယောက်ကတုန်ရီစွာမေးလိုက်တယ်။

Kyla က ရွာသူတွေကြည့်လိုက်ပြီး သူမမျက်လုံးတွေကရဲလာခဲ့တယ်။သူမအလွန်ရှက်ပြီးတုန်ရီလာခဲ့တယ်။ထို့နောက် သူမသတိပေးခြင်းမရှိ ဆီးသွားနေတာ ကိုခံစားမိလိုက်တယ်။

ရွာသူတွေက သူမနဲ့ပိုဝေးတဲ့နေရာကိုမတ်တပ်ရပ်လိုက်တယ်။

သူ့လိုအမျိုးသားတွေဟာမျက်မှောင်ကြုပ်သွားကြတယ်။
သူမ မတ်တပ်ရပ်နေစဉ်တောင် သတိမရှိဆီးသွားနေတယ်။အလွန်စက်ဆုပ်ရွံ့ရှာစရာဘဲ။ရုပ်ဆိုးပြီးညစ်ပတ်တယ်..!

Geo မရယ်မိအောင်ထိန်းထားရတယ်။
သူ့ရဲ့အေးစက်တဲ့အမူအရာကိုထိန်းထားရသည်။

Kylaမျက်ရည်ကျပြီးရှင်းပြပေမယ့် သူတို့ရဲ့မျက်လုံးတွေကိုမြင်လိုက်ရတယ်။သူတို့က မည်သည့်ရှင်းပြချက်မှ မလိုချင်ကြဘူး။
သူမအံကြိတ်ပြီးAlliကိုညွှန်ပြလိုက်တယ်။

" နင် က မကောင်းဆိုးဝါးပဲ..!နင် ငါ့ကို ဘာလုပ်ခဲ့တာလဲ..?"

" မင်း ဘာကိုပြောတာလဲငါမသိဘူး။"
Geoပြောပြီးပုခုံးတွန့်လိုက်သည်။

လယ်သမားရဲ့ဇနီးသည်( BL)Where stories live. Discover now