simple happiness ( ရိုးရှင်းတဲ့ပျော်ရွင်မှု)8

421 61 0
                                    

[Unicode]
Chapter 8

Geo သက်ပြင်းချလိုက်တယ်။Wally အရသာရှိ‌အောင်ဘယ်လိုချက်ပြုတ်ရမလဲမသိဘူး။

"မင်း ဓားယူသွားတယ်?"Wally ဓားရှည်ကိုကြည့်ပြီးမေးလိုက်သည်။

"သူမကိုခြောက်လန့်ချင်ယုံပါ။ဒါပေမယ့် သူမမျက်နှာလွဲ ရင် ငါကြောက်တာငါသူမကိုသတ်မိလိမ့်မယ်။"

"မင်းသူတို့နဲ့ မယှဉ်သင့်ဘူး။သူမက အမြဲတမ်း ငါ့ကို ဒုက္ခရှာလေ့ရှိတယ်။ငါ ရွှေ၅ပြားရတာကြားလို့ဖြစ်နိုင်တယ်။"

"ရွှေ၅ပြား ?"သူ မျက်တောင်ခတ်လိုက်ပြီး အံ့ဩသွားတယ်။

" နာရီနည်းနည်းလေး နဲ့?"

"ကိုယ် ဈေးကြီးတဲ့ငါးတွေကိုဖမ်းမိခဲ့တယ်။မင်းစားဖို့ကိုယ်အချို့ယူခဲ့တာကြောင့် မင်းအရသာခံနိုင်တယ်။"Wally  ပြုံးလိုက်တယ်။

Geo ခေါင်းညိတ်လိုက်တယ်။

"ကောင်းပြီ။Leonအတွက်မင်းဆေးမှုန့်ဝယ်နိုင်တယ်။"

Wally ခေါင်းညိတ်လိုက်တယ်။

" ကိုယ် ဝက်ပေါက်‌လေးကို ဖမ်းထားပြီး ကြက်ခြံထဲထည့်ထားတယ်။မင်းရောင်းချင်လားဒါမှမဟုတ် ကြီးသည် အထိထားချင်လား?"သူမေးလိုက်တယ်။

" ကြီးထွားအောင်၊ငါကြီးထွားအောင်ထားလိုက်မယ်။ငါတို့အတွက်အသားရနိုင်ပြီးဆီအများအပြားထွက်ရင်လည်း ရောင်းနိုင်တယ်။အခု ဝက်ပေါက်က သေးငယ်ပေမယ့်ကျန်းမာတယ်။"Geo ပျော်ရွှင်စွာပျော်လိုက်တယ်။

သူ ပါးစပ်အပြည့်အစာယူလိုက်ပြီး ပျော်ရွင်စွာဝါးလိုက်တယ်။

"ကိုယ် စားပြီးလယ်ထဲသွားမယ်။အိမ်မှာနေပြီးအနားယူလိုက်"

Wally ပြောလိုက်ပြီး သူ့လက်ကိုဆန့်ကာ Alliရဲ့ပါးကိုပွတ်သပ်လိုက်တယ်။

Geo ရှက်သွေးဖြာသွားပြီးခေါင်းညိတ်လိုက်တယ်။

" ငါ မှို ‌တွေကိုအ‌ခြောက်လှမ်းလိုက်မယ်။ပြီးတော့ ငါ ဥတွေကိုတောင်တွေ့ခဲ့တယ် မင်းစားဖို့အတွက် အစာသွပ်မုန့်ချက်ထားလိုက်မယ်။"

Wally ပြုံးပြီးသူ့လက်ကိုပြန်ဆုတ်လိုက်တယ်။

"ကောင်း ပြီ"

လယ်သမားရဲ့ဇနီးသည်( BL)Where stories live. Discover now