abuse(ဆဲရေးသည်)11

409 48 0
                                    


[Unicode]
Chapter 11

လူအိုကြီးWilliam Wallyရဲ့လယ်ကိုကူညီခဲ့တယ် ။ထိုကြောင့်Wally  လူအိုကြီးWilliamရဲ့လယ်ကိုပြန်ကူညီချင်တယ်။ဒါပေမယ့် သူ့ရဲ့ညီအစ်ကိုနှစ်ယောက်ဟာစိုက်ကြည့်နေပြီး သူ့ကိုမလိုလားစွာထိုအရာကိုစောင့်ကြည့်နေ သကဲ့သို့ သူတို့ရဲ့လယ်ထဲခြေချခွင့်ကိုငြင်းပယ်ကြသည်။

" အကြီးဆုံး,ပြန်ပါ။ဒါငါတို့လယ်။"

သူ့ကိုအေးစက်စွာကြည့်ရင်းMarvin ပြောလိုက်တယ်။

Wally အတင်းအကျပ်တောင်းဆိုမနေခဲ့ဘူး။လူအိုကြီး Williamကိုကျေးဇူးတင်ပြီးထွက်ခွာခဲ့တယ်။

"မင်းရဲ့ အစ်ကို ကိုဘယ်ကြောင့်ဒီလိုပြောလိုက်တာလဲ?"လူအိုကြီး William ဒေါသထွက်စွာပြောလိုက်တယ်။

" အဖေ၊သူကျွန်တော်တို့နဲ့ခွဲပြီးနေပြီ။သူကျွန်တော်တို့ကိုကူညီဖို့ခွင့်မပြုဘူး။ဒါပေမယ် အဖေက သူ့ကို ကူညီစောင့်ရှောက်ဖို့စဉ်းစားနေပြီးသူ့ကိုကူညီနေတယ်။သူ့ကြောင့် အဖေနဲ့ အမေ အမြဲရန်ဖြစ်နေရတယ်။ကျွန်တော်တို့အိမ် ငြိမ်းချမ်းတယ်မရှိဘူး။အဲဒါကိုမမေ့ပါနဲ့၊ကျွန်တော်တို့ညီအစ်ကိုတွေ လယ်ထဲဆင်းကူညီဖို့လုံလောက်တယ်။"

လူအိုကြီး William သက်ပြင်းချပြီးခေါင်းရမ်းလိုက်တယ်။သူဘယ်လိုမသိဘဲနေမလဲ?သူ့သားနှစ်ယောက် က သူ့တို့ရဲ့အကြီးဆုံးကိုမနာလိုဖြစ်ကြတယ် ။

သူဟာ သူ့ဇနီး ရဲ့ သားအရင်းမဟုတ်သောကြောင့်သူအောင်မြင်စွာခွဲထွက်နိုင်ခဲ့တယ်။ဒါပေမယ့် ဒီနှစ်ယောက်ဟာ သူမရဲ့သားအရင်းတြွေဖစ်တယ်။သူမကသူတို့သေသည်အထိတိုင်အောင် တွယ်ဖက်ထားလိမ့်မယ်။

ခွဲထွက်ဖို့နည်းလမ်း မရှာနိုင်သောအခါ လွတ်လပ် သွားတဲ့Wally ကို သူတို့မနာလို ပြီး ပိုမုန်းတီးကြတယ်။

လူအိုကြီး William သက်ပြင်းချလိုက်တယ်။
သူပြစ်တင်ဆုံးမဖို့ကြိုးစားခဲ့ ပေမယ့် အမျိုးသမီးအိုကြီး Maybelဟာ ညဏ်နီ      ညဏ်နက်များတယ်။

သူစကားတစ်လုံးပြောရင် သူမက တရားမမျှတဘူးလို့အပြင်မှာ အော်ပြီးစကားလုံးတစ်ရာပြောလိမ့်မယ်။သူ စားပွဲကိုဒေါသထွက်စွာထုလိုက်လျင် လူတိုင်းဒီမှာသူ သူမကိုရိုက်နေပါတယ်လို့ အမျိုးသမီးအိုကြီးMaybel ပြောလိမ့်မယ်။

လယ်သမားရဲ့ဇနီးသည်( BL)Where stories live. Discover now