Kidnap( ပြန်ပေးဆွဲခြင်း)

437 59 0
                                    

[Unicode]
Chapter 6

Wally ထွက်ခွာသွား ပြီးနောက် Geo အိမ်သန့်ရှင်းရေးလုပ် ပြီး တိရစ္ဆာန်တွေကိုအစာကျွေးလိုက်တယ်။Leon ကို ရေချိုးပေးထားချင်ပြီးနူးညံ့တဲ့အသားကို ကျွေးလိုက်တယ်။ညစ်ပေ နေတဲ့အဝတ်တွေ ကို စုစည်းလိုက်ပြီး မြစ်အနီးလျော်ဖွတ်ရန်သွားလိုက်။

Geo အခြားလူတွေလုပ်သလို ပြုလုပ်လိုက်တယ်။သူ့ရဲ့လက်တွေက ပိုမြန်ပြီးလွယ်ကူစွာပြီးသွားတယ်။

ကလေး က သူ့နောက်ကျောပေါ်မှာ အိပ်နေပြီး သူအဝတ်လျော်ဖို့ အားအနည်းငယ်စိုက်ထုတ်တာတောင် ‌က‌လေး က ငို‌တာ သို့မဟုတ် ကြောက်ရွံ့ မလာ ခဲ့ဘူး။
အခြားသူတွေက ထိုချစ်စရာကောင်းမှုကိုတွေ့ရှိသွားပြီး စဉ်းစားရကျပ်သွားတယ်။
မူလ Alli( အလ်လီ)ဟာ ကလေးနဲ့ဘယ်တော့မှ အပြင်မထွက်ဖူးဘူး။အခု သူတို့ Alli အဝတ်လျော်နေတာတောင် တွေ့နေရတယ်။
သူအနည်းငယ်ပြောင်းလဲသွားပုံပေါ်တယ်။

အဝတ်လျော်ပြီးနောက် ခြောက်အောင်လှမ်းလိုက်‌တယ်။ကလေးအတွက် ရေချိုးလို့ကောင်းအောင် ရေပူကိုအသုံးပြုလိုက်တယ်။

ရှေးခေတ်မှာ သာမန်ရွာသူ၊ရွာသားတွေဟာ ဆပ်ပြာကိုမတတ်နိုင်ကြတာ ကြောင့် ဆပ်ပြာနှင့် မ သန့်ရှင်းနိုင်ဘူး။ဒါပေမယ့် Geo ဟာ အခွင့်အရေး ပေးရင် ရနံ့ပါတဲ့ဆပ်ပြာကိုသူပြုလုပ်နိုင်တယ်။

သူ့ပစ်မှတ်နဲ့နီးကပ်ဖို့ဆပ်ပြာဖြန့်ဝေတဲ့အရောင်းဝန်ထမ်း အယောင်ဆောင်ဖူးတာကြောင့်သူအများစုသိတယ်။

အိမ်လုပ်ဖယောင်းတိုင်နဲ့ဆပ်ပြာတွေကို မကူးပြောင်းခင်အရင်ကသူပြုလုပ်ခဲ့တယ်။သူပြုလုပ်ဖို့ကြိုးစားအားထုတ်နိုင်ပေမယ့် အခုမဟုတ်သေးဘူး။

Leon ရေချိုးပြီးနောက် အိပ်ငိုက်နေတာကြောင့်  သူ့ကိုသူ ရေအေးနဲ့ချိုးနေစဉ် ကလေး အိပ်ရန်ထားလိုက်တယ်။

သူ ရေနဲ့ပေါင်မုန့်အမာ အချို့ကို ပြင်ဆင်လိုက်တယ် ။

ကလေးကအိပ်ရာနိုးလာပြီး ဆာလောင်လာတာကြောင့်Geo ရေနဲ့ပေါင်မုန့်ထည့်ထားတဲ့ခြင်းတောင်းကိုသူ့နောက်ကျောမှာလွဲထားစဉ် Leon လေးကိုသူ့လက်မောင်းထဲတည့်ကာသယ်ဆောင်လိုက်တယ်။

လယ်သမားရဲ့ဇနီးသည်( BL)Where stories live. Discover now