[Unicode]
Chapter 9'Wally's view:
.
.
.
.Wally သူ့မျက်လုံးအောက်ဖက်မှာအရိပ်မည်းများရှိနေတယ်။
Geo လည်းအတူတူပဲဖြစ်တယ်။
နှစ်ယောက်သား တစ်ညလုံးအိပ်မပျော်ခဲ့ကြဘူး။Wally နည်းနည်းစိတ်ဆိုးပေမယ့်ဘယ်သူ့ကိုအပြစ်တင်ရမလဲမသိဘူး။တစ်ညလုံးသူစိတ်ဆင်းရဲနေခဲ့တယ်။
Geo အလွန်ဒေါသထွက်ပြီးWallyရဲ့ကုတင်ပေါ်မှာအာရုံခံစားမှုမရြှိခင်းနဲ့အသုံးမကျခြင်းကိုအပြစ်တင်ခဲ့နေတယ်။
သူကလက်ထပ်ခဲ့ပြီးပြီး။
အရင်ဘဝက၊သူဟာ အလိုဆန္ဒမရှာသည့်လူဖြစ်ပေမယ့် ရှိသေး....တစ်ညတာဆက်ဆံရေးရှိခဲ့တယ်။အခုသူလက်ထပ်ပြီးပေမယ့်ဘာမှမဘာရဘူးလား?လူကြီးဟာသိသိသာသာစိတ်ဝင်စားခဲ့တယ်။ဒါဆို သူပေါ်ခုန်ပြီးသူ့တစ်ကိုယ်လုံးကိုစားရမှာပေါ့။
"ကလန်"
ပန်းကန်နဲ့ဇွန်းထိမိပြီးကလေးငိုသံကျယ်ထွက်ပေါ်လာတယ်။
Wally မပျော်မရွှင်ဖြစ်နေသည့်Alliကြည့်လိုက်တယ်။
"ဘာ ဖြစ်လို့လဲ?"Wally မေးလိုက်တယ်။
' ဘာ ဖြစ်လို့လဲ?'Geo ထုတ်ပြောလုနီးပါးဖြစ်ပေမယ့်သူ့ကိုယ်သူ ချုပ်တည်းထားလိုက်တယ်။သူနှုတ်ခမ်းကိုက်လိုက်တယ်။
" ဘာမှမဟုတ်ဘူး။လက်ချော်သွားလို့"
သူစိတ်ဆိုးစွာပြောလိုက်တယ်။Wally မျက်မှောင်ကြုပ်လိုက်တယ်။
' ငါသူ့အပေါ်ဘာအမှားလုပ်ခဲ့လဲ?'
အစကတည်း က သူ့အပေါ်Alli မကြိုက်ခဲ့ဘူးဆိုတာWallyသိခဲ့တယ်။Alliဟာအမြဲအကျိုးသင့်အကြောင်းသင့်မရှိခဲ့ပေမယ့်ဒီနေ့ သူဆိုးမနေခဲ့ဘူး။သူက ကလေးကိုဂရုစိုက်တယ်၊ဟင်းချက်တယ်၊သူရေဆာရင်တောင်ရေယူပေးတယ်။သူ သူ့ဇနီးအပေါ်လေးစားပြီးထောက်ပံ့ပေးချင်ခဲ့တယ်။
သူသက်ပြင်းချလိုက် ပြီး
"ငါ နားလည်ပြီ "Geo မျက်ခုံးပင့်လိုက်တယ်။
"ဘာ ကိုလဲ?"
Wally မက်တပ်ရပ်လိုက်ပြီးသူ့လက်ကိုကိုင်ကာနောက်တစ်ကြိမ်နမ်းလိုက်တယ်။
YOU ARE READING
လယ်သမားရဲ့ဇနီးသည်( BL)
Mystery / Thriller[Unicode]Geo ဟာ လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ဖြစ်တယ်။ သူ အ ရဲရင့်ဆုံး နည်းလမ်းနဲ့သေဆုံးခဲ့တယ်။ ခံစားချက်မရှိတဲ့လူတစ်ယောက်အတွက်တော့သေခြင်းတရားဟာ ဆိုးတဲ့အရာမဟုတ်ပါဘူး။ဒါပေမယ့် သူ မသေခဲ့ဘူး။ကလေးတစ်ယောက်ရဲ့ငိုသံနဲ့အတူ သူဟာနိုးထလာခဲ့တယ်။ငါ ဘယ်ရောက်ပြီး ငါဘာတွ...