spending

455 54 0
                                    

[Unicode]
Chapter 5

Geo အလုပ်သမားကောင်းတစ်ယောက်ဖြစ်တယ်။သူ အိမ် သန့်ရှင်းတယ်။ရေနွေးအိုးတည်ပြီး အစားအစာတွေ ချက်တယ်။

အိမ်သန့်ရှင်းရေး လုပ်ပြီး ဟင်းသီးဟင်းရွက်ပင်တွေကိုရေလောင်းတယ်။ကြက်တွေ ကို အစာကြွေးပြီး သူတို့သောက်ရန် ရေထည့်ပေးတယ်။ထို့နောက် Leon ကို ရေချိုးပေးတယ်။

Wally သွားတာ ၂နာရီသာကြာတယ်။ထို့ကြောင့် သူ့ဇနီးပြုလုပ်တဲ့အရာကိုမြင်ပြီးမျက်မှောင်ကြုပ်လိုက်တယ်။

အရင်ကလူပြုလုပ်တာ နဲ့ အများအပြားယှဉ်ကြည့်ပြီး သံသယ မဖြစ်ပဲမနေနိုင်ဘူး။

" မင်း ပြန်လာ ပြီ?မင်းပြေးလွှားမနေရအောင်  နေ့လည်စာ အချို့ ထုပ်ပိုးထားတယ်။မင်း ယူသွားလိုက်"သူ့လက်မောင်းထဲက ရယ်နေတဲ့ကလေးကို လှုပ်ပေး နေစဉ် ခြင်းတောင်းကို သူညွှန်ပြလိုက်တယ်။

Wally သူတို့ဆီလျောက်သွားလိုက်တယ်။

" ဒီမှာ လက်ဆတ်တဲ့ ဆိတ်နို့ "

Geo သက်ပြင်းချလိုက်တယ်။
" Leon ကို နို့တိုက်ဖို့ဆန္ဒရှိတဲ့ ရွာထဲကကလေးမိခင်အချို့ကိုမေးချင်တယ်။အဲဒါက မဖြစ်နိုင်တာ‌တော့မဟုတ်ဘူး။ငါမေးကြည့်ပေမယ့် ငွေပေးဖို့လိုလိမ့်မယ်။"သူဆိတ်နို့ကိုဝမ်းနည်းစွာကြည့်လိုက်ပြီးပြောလိုက်‌တယ်။
ကလေးဆိတ်နို့သောက်ရတာကို မတရားတလိုခံစားနေရတဲ့Alli ၏ခံစားချက်ကို Wallyတွေ့လိုက်တယ်။

"ကောင်း ပြီ၊ငါ ပိုက်ဆံနည်းနည်းချေ လိုက်မယ်"

" အွန်း"

သူ သူ့ရဲ့ကတ်ကိုပွတ်ဆွဲယုံနဲ့ သူ့ရဲ့ဝင်ငွေတွေကိုသုံးနိုင်တဲ့အရင်ကလူနဲ့မတူတော့ဘူး။ပိုက်ဆံ မရှိ‌တော့ဘူး။

အခု သူ့‌ ယောက်ျားအပေါ်မှီခိုဖို့လိုအပ်တယ်။
Wally ဟာ တာဝန်ယူတတ်တဲ့အမျိုးသားတစ်ယောက်ဖြစ်တယ်။ခြေထောက် ဒဏ်ရာရနေတာတောင် အလုပ်သွားတုန်းဘဲ။

Wallyဒီနေ့ လယ်ထဲပြန်သွားခဲ့တယ်။ပိုက်ဆံအတွက် နောက်မှ သူ့သူငယ်ချင်းကို သူမေးရမယ်။သူကဆင်းရဲပြီး သူ့ကလေး  ကအားနည်းပြီးပိန်တယ်။သူ့ဇနီး သေခဲ့တဲ့အချိန်က သောကရောက်ဖို့တောင်အချိန်မရှိခဲ့ဘူး။

လယ်သမားရဲ့ဇနီးသည်( BL)Where stories live. Discover now