Disrespect( ရိုင်းပြခြင်း)

428 61 0
                                    

[Unicode]

Chapter 7

"မိန်းမအိုကြီး ငါ့သားကို ပြန်ပေး မဟုတ်ရင်ငါမင်းကိုရိုက်ရလိမ့်မယ်။ "ဒေါသထွက် စွာ Geo ပြောလိုက်တယ်။

Maybel မျက်မှောင်ကြုပ်လိုက်တယ်။

" ငါ့အိမ်မှာနင်ဘယ်လိုတောင်လာခြိမ်းခြောက်ရဲတာ လဲ?နင်! နင်ကနိမ့်ကျတဲ့ကော‌တစ်ယောက်ပဲ!။ငါက Wallyရဲ့အမေ!။"

Geo ကြိတ်ရယ်လိုက်တယ်။Alli ကသူတို့ရွာထဲမှာ ပြသနာကောင်  တစ်ယောက်ဖြစ်တယ်။

ထိုအရာကြောင့်သူ့ကို ဘယ်သူမှလက်မထပ်ချင်ကြတာဖြစ်တယ်။သူ့မှာကောင်းအချက်လဲဘာမှမရှိဘူး။ပြီးတော့ မျက်နှာထူတယ်။( အရှက်မရှိ)။အဲဒါကြောင့်Wally ရဲ့ မိထွေးကိုဘာလို့မျက်နှာသာ ပေးရမှာလဲ?

Geo ပြေးပြီး အမျိုးသမီးအိုကြီးကိုတွန်းချလိုက်တယ်။ပြီးတော့အရုပ်တစ်ရုပ်လို ခြင်းတောင်းထဲ သိပ်ထည့်ထားတဲ့ ကလေးကို ဆက်ကနဲဆွဲယူလိုက်တယ်။သူ( she)ကလေးကိုငြင်သာနူးညံ့စွာလှုပ်သိပ်လိုက်တယ်။

ကလေးက ရင်းနှီးကျွမ်းဝင်တဲ့ စည်းချက်ကျမှုကို ခံစားမိပြီး သူမောပမ်း သောကြောင့် နှစ်ခြိုက်စွာ အိပ်ပျော်သွားတယ်။

မတ်တပ်ရပ်ရန် တုန်ရီနေတဲ့မိန်းမကြီး ကို Geoစိတ်ဆိုးစွာကြည့်လိုက်တယ်။

"ငါမတ်တပ်မရပ်နိုင်တေ့ာဘူး!။ငါမတ်တပ်မရပ်နိုင်တေ့ာဘူး!။ငါ့အရိုး အဆစ်လွဲသွားပြီ!။ နင်မိမစစ်ဖမစစ် ကောင် !ငါ့ကိုကယ်ကြပါအုံး!ငါ့ကိုကယ်ကြပါအုံး!"

Geo စူးစူးဝါးဝါးစိုက်ကြည့်လိုက်ပြီးသူမမျက်နှာကိုကန်လိုက်တယ်။

သူမ တုန်လှုပ်သွားတယ်။လူအိုတစ်ယောက်ကို တစ်စုံတစ်ယောက်ကဘယ်လိုထိခိုက်နာကျင်စေမှာလဲ?

သာမန်လူတွေ ,သူတို့လုပ်နိုင်မှာမဟုတ်ဘူး။
လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ဖြစ်တဲ့Geo ကဲ့သို့ လူသာလုပ်နိုင်တယ်။

သူ့အတွက်သူတို့ဟာအရေးမကြီးသရွေ့ မည်သူ မဆို သူသတ်နိုင်တယ်။
ဒါပေမယ့်သူဟာ သွေးဆာတဲ့လူသတ်သမားတစ်ယောက်မဟုတ်ဘူး။

သူ ဖြစ်နိုင်ရင်လူမသတ်ချင်ဘူး။ဒါပေမယ့် လူတွေက ဝေဒနာခံစားရတာကိုနှစ်သက်ကြတယ်။

လယ်သမားရဲ့ဇနီးသည်( BL)Where stories live. Discover now