အပိုင်း {၁}

810 27 1
                                    

" ဥဩ...ဥဩ...ဥဩ "

တွန်ကျူးနေသည့်ဥဩငယ်သည် ဆောင်း
အကုန် နွေအကူးကိုဖော်ကျူးပြနေလေသည်။ထင်ထင်သာသာဆိုရရင် နွေဦးကို
ဧည့်ကြိုပြုသည့်သဘောပင်ဖြစ်၏။

နွေဦးတွေအလီလီကုန်ဆုံးခဲ့သလို ခုလည်း
နွေဦးကိုရောက်လာပြန်ပြီ။အဝါရောင်သန်း
တဲ့ ရွက်ဝါတွေမြေခကြွကျေရတော့မည်။ပြန့်ကျဲကျနေတဲ့ရွက်ဝါတွေအလယ် ရိုးတံ
ကြဲကြဲနဲ့အပြိုင်အဆိုင် နွေဦးရဲ့အလှကိုအစွမ်းကုန်ဖော်ကြူးပြကြမည့် သစ်ပင်အသွယ်သွယ်သည်လည်း အားမာန်ဝင့်ချီ
လျှက်ရှိနေကြသည်။တစ်ဖန်ရွက်ဟောင်း
ကုန်တော့ ရွက်နုတွေကို စိမ်းစိမ်းစိုစိုဝေဆာစေကြလိမ့်မည်။

ဒီနွေဦးဟာလည်း အရင့်အရင်နွေဦးတွေ
လို စိန်ပန်းရဲရဲ၊ပိတောက်ဝါဝါတွေနဲ့အတူ ပွင့်ဖတ်ဖြူဖြူမှာ ဝတ်ဆံဝါဝါလေးတွေနဲ့ကံ့ကော်တွေလည်းပွင့်ပြန်အုံးမည်။

ဒီနွေဦးမှာလည်းအချစ်ဦးကို မေခက်ရင်
မှာမမုန်းရက်နိုင်စွာဂရုဏာဒေါသနဲ့အကြင်
နာပိုကာ ပိုလွမ်းရအုံးမည်။နွေဦးမှမဟုတ်၊
ဥတုသုံးရာသီရဲ့လွှမ်းခြင်းက မေခက်ရင်
ထဲက အလွှမ်းရာသီကိုတော့မှီနိုင်မည်မ
ထင်။

" ဥဩ...ဥဩ...ဥဩ "

ဥဩငယ်ရဲ့ကျူးဟစ်သံက မေခက်ရင်
ကို ပိုအလွမ်းသင့်စေပါသည်။ဥဩလို့
အော်နေပါလျှက် ကျီးကန်းလို့ဇွတ်မှိတ်
ငြင်းကာမေခက်ကို စနောက်ရယ်မောစေတတ်သော သူမပါလေ။ရယ်လိုက်ရင် ချိုင့်
ဝင်သွားသည့် ပါးပြင်နှစ်ဘက်ကိုလည်း
သူမကပိုင်ဆိုင်ထားသေး၏။

မလွမ်းတော့ပါဘူးလို့ပြောရင် မေခက်
လိမ်နေခြင်းသာဖြစ်မည်။မုန်းပစ်လိုက်ပြီ
လို့ဆိုမိရင် လွှမ်းခြင်းရဲ့မုသားတွေပဲဖြစ်လိမ့်မည်။အမှတ်တမဲ့အဖြစ်နဲ့တောင် သူမ
ကို မေ့ပစ်ဖို့ အတွေးထဲဝင်မလာဖူးခဲ့တဲ့
မေခက်ပါလေ။

အဲသည်လောက်ထိ၊အဲသည်လောက်ထိကို သူမကိုမေခက်ချစ်ပါသည်။မေခက်ရင်ထဲနှလုံးသားထဲမှာ ဘယ်သူကိုမှအစားထိုးမရ
နိုင်သလို၊အစားမထိုးနိုင်ခဲ့။ချစ်ခြင်းမေတ္တာဟာအစားထိုးမရသည့် သက်မဲ့နာမ်ကလေးတစ်ခုဆိုတာ မေခက်လိုပဲသူမလည်းသိရင်
သိပ်ကောင်းမှာပဲ။

ကံ့ကော်တစ်ပွင့်နဲ့ချစ်မေတ္တာကြိုးလေးပြန်ချည်လှည့်ပါWhere stories live. Discover now