အပိုင်း {၅}

166 14 0
                                    


" ထွေး...ချစ်လေးထွေးရဲ့။ခေါ်နေတယ်
လေ။စောင့်ပါအုံးဆို "

ခြေခပ်ဆတ်ဆတ်ဆောင့်လျှက် ရှေ့ကလျှောက်နေသည့် ထွေးနောက်မေခက်
အပြေးတစ်ပိုင်းလေးလိုက်နေရသည်။
မိုးလျှံနဲ့မေခက်ကို စနောက်နေကြသည့်​သူငယ်ချင်းတွေကြောင့် ထွေးစိတ်တိုနေ
မှန်း မေခက်သိပါသည်။အဲဒီမျက်နှာကြည့်လိုက်ရုံ ထွေးဗိုက်ထဲအူဘယ်နှခွေရှိတာကအစ မေခက်မြင်နိုင်ပါသည်။

" အဲလိုသဝန်တို၊စိတ်ကောက်တာက
မေခက်ကို အရမ်းချစ်လို့ပေါ့နော် "

မေခက် ကျောခိုင်းရပ်နေသည့် ထွေးပါ
လေ။မေခက်ရင်ခွင်ထဲတိုးဝှေ့မခွေချင်
ဘူးပေါ့။ရွေစိတ်တော် ကောက်ကာတိတ်
ဆိတ်စွာဆန္ဒာထုတ်ဖော်နေသည်။တစ်ပတ်နှစ်ရက်ပဲ တွေ့ရသည့် ဒီလိုရှားပါးအချိန်လေးကို သူတို့နှစ်ယောက်လုံးတန်းဖိုးထားပါသည်။ခုများတော့....

" အင်းပါလေ၊မချစ်တဲ့သူများကတော့
သမင်လှည်ပြန်တောင်မကြည့်ချင်ဘူး
ပေါ့။ကြင်သူစိမ်းတော့ ခက်မှာမောရ၊
ဆွေးရပါတော့မယ်။ဒါပေမယ့် ဟိုသီချင်း
လို ဝေးဝေးပြေးလို့မရအောင် ထွေးရယ်
ဖက်ထားချင်တယ် "

တသိမ့်သိမ့်ခါလာသည့် ထွေးရဲ့ပုစွန်
ကိုယ့်လုံးသေးသေးလေးကို ရင်ခွင်ထဲ
ဆွဲသွင်းလိုက်သည်။သမုဒ္ဒရာဆယ်စင်း
မှာ ပြည့်လျှံနေသည့် ရေတွေသည်ပင်
ထွေးကိုချစ်သည့် ပမာဏနှင့်မနှိုင်းယှဉ်
သာ။

" ထွေး...ထွေး..ဟင့်..!ငိုနေတယ်။
အို....ဘာဖြစ်လို့လဲ အချစ်ရေ "

မေခက်ကိုယ့်နဲ့တစ်သားထဲကျမတတ်
တင်းကျစ်စွာပွေ့ဖက်လာသည့် ထွေး။
အဲဒီမျက်ရည်စက်တွေဟာ မေခက်
ရင်ကိုဆွဲခါခံရသကဲ့သို့၊နှလုံးအိမ်ကို
ဆွဲနှုတ်ယူနေသကဲ့သို့ ခံစားရသည်။

" ခက်နဲ့ဝေးရမယ်ဆိုတဲ့အကြောင်းမ
ပြောပါနဲ့၊ခုလိုစနောက်နေကြတာကို
တောင် ထွေးမှာခံနိုင်ရည်မရှိဘူး။ခက်
နဲ့ဝေးရင် ထွေး သေရပါလိမ့်မည် ခက်ရဲ့
၊သေရပါလိမ့်မယ်  "

ကံ့ကော်တစ်ပွင့်နဲ့ချစ်မေတ္တာကြိုးလေးပြန်ချည်လှည့်ပါWhere stories live. Discover now