အပိုင်း {၄}

158 9 0
                                    

" ကျမတို့ဆုံဖူးကြလို့လား "

ရိပ်ခနဲမြင့်တက်သွားသည့် သူမရဲ့မျက်
ခုံးနှစ်ဘက်ဟာ အလယ်၌သွားဆုံသည်။
မျက်မှောင်တွေတွန့်ချိုးသွားသည့်တိုင်
သူမရဲ့မျက်လုံးတွေဟာအရမ်းလှနေသေးသည်။။အရည်ကြည်လဲ့နေတဲ့ မျက်ဝန်းထဲ
၌ အံဩရိပ်တွေ ဖြတ်ပြေးကုန်တယ်။

ထို့နောက်စိုးရိမ်မူတစ်ချို့လူးလွန့်လာတ
ယ်။ထွေးနန္ဒာထင်တာမမှားရင် ကြောက်ရွံ
မူတစ်ချို့လည်းကပ်ပါလိမ့်မည်။သူမ၏
ရှည်လျားတဲ့မျက်တောင်အောက်ရှိ မျက်ခ
မ်းစပ်၌ အရည်ကြည်တွေပိုဝပ်လာသည်။

သူမသည်ထွေးနန္ဒာရှေ့မှာ ခုပဲငိုချတော့မယောင်။မျက်ရည်တွေဟာ ခုပဲစီးဆင်း
လာတော့မလို။သို့သော် သူမသည်ပါးလွှာသည့် သူမ၏အောက်နှုတ်ခမ်းဖျားဖိကိုက်ဟန်ပြုလျှက် အိန္ဒြရေည်ဆည်သည်။ထွေး
နန္ဒာတစ်ယောက် သူမကိုအံဩစွာငေးရင်း အသက်ရှုမှာမေ့နေရသည်။

အို...ငါဘာဖြစ်လို့အဲဒီအမျိုးသမီးရဲ့တ
ဆင့်ချင်းပြောင်းလဲနေတဲ့ မျက်နှာအမူ
အရာတွေကို သတိပြုမိနေရတာပါလဲ။
ဘာလို့ငါရင်ထဲကိုနာကျင်စရာတစ်ခုလို
ထိုးမွှေနေရတာလဲ !

" အို..ရှင့်...ရှင့်..!ဘာလုပ်တာလဲ "

ထွေးနန္ဒာကိုမာန်ပါပါပွေ့ဖက်လာသည့်
သူမကြောင့် ကျောတွေမတ်ခနဲတောင့်တ
င်းသွားရသည်။လန့်လည်းလန့်သွားရသည်။ထွေးနန္ဒာ ပခုံးပေါ်မှေးတင်လာသည့် သူမဘက်ခပ်သာသာ စောင်းငဲ့ကြည့်တော့ထွေးနန္ဒာ၏ ခပ်နွေးနွေးလေငွေ့ဟာ သူမရဲ့နားထင်စပ်ကိုသွားခတ်၏။သူမ၏လှုပ်ခတ်နေသည့်
ဘယ်ဘက်ရင်ဘတ်ခြမ်းသည် ထွေးနန္ဒာ၏ ညာဘက်ရင်ဘတ်ခြမ်း၌ ထိချည်ချချည်။

သူမ ဘာလုပ်နေတာပါလဲလို့ စဉ်းစားမရ
ခင် သွေးကြောထဲကိုစီးမျောဝင်လာသည့်
နွေးထွေးမူတွေ၊လူးလွန့်လာတဲ့ကံ့ကော်ရနံ့တွေကြောင့် စိတ်ဘဝင်လေးတွေငြိမ်ဝပ်ကျသည်။ရုန်းထွက်မှာကိုတောင် မေ့မျော
နေရသည့် ထွေးနန္ဒာတစ်ယောက် ဘေးနား
ရောက်လာသည့် အသံရှင်ကြောင့်လန့်ကာသူမကိုတွန်းထုတ်မိလျှက်သား ဖြစ်သွားရ၏။

" နန္ဒာ အသိတွေတွေ့နေကြပြီထင်တယ်
ဟင့်...!မေခက် ပါလား "

" အသိတွေမဟုတ်ပါဘူး....ကိုစိုးနိုင်
သူလူမှားနေတာဖြစ်မယ် "

ကံ့ကော်တစ်ပွင့်နဲ့ချစ်မေတ္တာကြိုးလေးပြန်ချည်လှည့်ပါWhere stories live. Discover now