အပိုင်း {၂}

208 11 2
                                    

" အဲဒီနေ့က က သွားတဲ့ကိန္ဒာရီကိန္ဒာရာအ
တွဲက လိုက်ဖက်လိုက်တာဟာ... မေခက်တို့
များ တကယ်ကိန္ဒာရီလေးတစ်ကောင်လိုပဲ အတောင်ပံတွေခတ်တာ ပျော့ပျောင်းနူးညံ့ညံ့ချက် "

" ဟုတ်ပ...ထွေးနန္ဒာများကိန္ဒာရာလေးလို
က နေတာ ငါများထပျံမလားလို့တောင်မှတ်
တော့တယ်၊မိုးလျှံနဲ့တွဲ က ရင်တောင်ဒီလောက်လိုက်ဖက်ပါမလားလို့တောင်
တွေးမိတော့တယ် "

လူငယ်မောင်မယ်ကြိုဆိုပဲြ၌ကိႏၵရီကိႏၵာ
ရာမောင်နှံအကကို ခုချိန်ထိကျောင်းသား၊ကျောင်းသူတွေရဲ့နှုတ်ဖျား၌ရေပန်းစားနေကျဆဲ။အဲလိုပဲမေခက်တို့နှစ်ယောက်လည်း ပိုရင်းနှီးကျွမ်းဝင်သလို ဆယ့်ကျော်သက်တစ်ယောက်ရဲ့ ရင်ခုန်မူသည်လည်းဆန်ကျင့်ဘက်အရပ်ဆီ ရည်ညွှန်းပြနေလေသည်။

" ခက်..."

သူများတွေ 'ခက်'လို့ခေါ်သည့်ထက် ထွေး
ရဲ့ ' ခက် 'လို့ခေါ်သံသည် ပိုနားဝင်ချိုမြိန်ရ၏။မေခက်တို့ရဲ့တစ်အိမ်ကျော်မှာ ထွေး
တို့ကပြောင်းလာကြသည်တဲ့။နွေဦးရဲ့လေပြည်သည် မေခက်ရဲ့နံဘေးခပ်သွက်
သွက်တိုက်ခတ်သွား၏။ကံ့ကော်ရနံ့တစ်ချို့နဲ့ချစ်ရနံ့တစ်ချို့သဲ့ယူလာရင်းပေါ့လေ။

" ခက် ..ထွေး ပန်ပေးပါရစေနော် "

အခွင့်ဆိုစကား၌' အင်း 'ဟုသဘောတူညီ
မူမှာ အကြောင်းပြချက်မလို။ရင်ခုန်သံတွေသာတူညီဖို့လိုသည်။ရင်ခုန်သံတွေတန်းညှိ
ပြီး နှလုံးသားထဲနွေးစေ၊အေးစေမည်။ဒါသည်ပင်မေတ္တာတရားနဲ့နှောင်ဖွဲ့မည့် ချစ်ခြင်းတစ်ခုရဲ့အစပင်ဖြစ်မည်။

" ခက်...ဒီကံ့ကော်တစ်ပွင့်နဲ့ ထွေးရဲ့ချစ်မေတ္တာကြိုးလေးကို ခက် ထံပါးမှာချည်
ပါရစေ...လက်ခံပေးမယ်မလားဟင် .."

နှလုံးသားစကားကိုဆန်းဆန်းပြားပြား
ဆိုလျှက် ကံ့ကော်တစ်ပွင့်နဲ့ချစ်ခွင့်ပန်သူ။ထွေး အကြည့်တွေအောက်မှာမေခက်ရင်
တွေ လှိုက်ဖိုရသည်။ဘယ်လောက်အရှိန်
နှုန်းနဲ့ ဒီရင်ဟာဘာကြောင့်အဲလောက် အ
ခုန်မြန်နေရပါသလဲ။မေခက်တစ်ယောက်မှာ'အို...ထွေးရဲ့ 'လို့သာဆိုနိုင်ရသည်။

ကံ့ကော်တစ်ပွင့်နဲ့ချစ်မေတ္တာကြိုးလေးပြန်ချည်လှည့်ပါWhere stories live. Discover now