အပိုင်း ၂

1.5K 96 9
                                    

(၂)

ဆူညံလှတဲ့ ထော်လာဂျီက လူးကာလှိမ့်ကာ။ရောင်လျံတို့အုပ်စု ကားပေါ်မှာအော်ဟစ်လာသမျှက ဖုန်လုံးကြားရောက်မှ အသံတိတ်နေရသည်။မတိတ်ခံနိုင်ရိုးလား ဒူးဆစ်လောက်ရှိတဲ့ ရိုးပြတ်တောထဲ ခဲကြမ်းတွေကြားမှာ စီးနေရတာကိုး။

တခါ တခါ အသက်ပင် တင်းတင်းမရှူရဲ။ဖင်ပြန်အကျနဲ့ ဆောင့်တဲ့ဒဏ်ကြောင့် ရှူနေတဲ့ အသက် ရပ်သွားမှာတောင်စိုးရသည်။တခါတလေ မိန်းခလေးများနည်းတူ ရောယောင်ပြီး ကိုယ့်ရင်ဘတ်ကို ပြန်စမ်းကြည့်ရသေး။ပြုတ်ပျက်ကြကုန်မလားပေါ့။

အရေးထဲ ထော်လာဂျီက လူထက်ပိုပူလို့ သူ့ကို ရေတိုက်ရသေးတယ်။အဲတော့ ကိုယ်တွေမှာ ကွင်းပြင်ကြီးထဲ နေခြောက်လှမ်းရ​ပြန်ရော။စိတ်ပြောင်းမလားလို့ ပတ်ဝန်းကျင်ငေးမိတော့လည်း ရှူခင်းမပြောနဲ့ စိမ်းစိုစိုသစ်တပင်တောင် မမြင်။

"ကားရပ်တုန်း ရေသောက်ကြဦး"

တီချယ်က ရေသန့်ဘူးအသေးတွေ လိုက်ဝေပေးပြီး မိန်းခလေးတွေကို ချော့မော့နေသည်။ယောက်ျားလေးများကိုတော့ သူ့တပည့်မဟုတ်သလို လျစ်လျူရှုထားပြီး ညည်းမိရင်မျက်စောင်းတောင် ထိုးပါသေးသည်။

"တီချယ် သားတို့လဲ ပါးစပ်ကြီးနဲ့နော် သူတို့လိုပဲ ပူတတ်တယ်ဗျ"

"ဟား ဟား"

ရောင်လျံအပြောကို တီချယ်က စိတ်မဆိုးသည့်နှယ် ရယ်မောကာ ဘူးကြီးတဘူးပစ်ပေးလာ၏။

"thankyou တီချယ် ၊ ယောကျ်ားချောချော ရပါစေဗျ..!!"

တဖွဲ့လုံး၏ သံပြိုင် ကျေးဇူးဆပ်မှုကြောင့် အသက် ၄၀ ကျော် တီချယ်ဒေါ် ရင့်ဝါနွယ် တယောက် အောက်နှုတ်ခမ်း ကိုက်ကာ ခါးထောက်နေလေပြီ။

"ခွေးလေးတွေ" ဆိုသော ဆဲသံရောက်မလာခင် ရောင်လျံတို့အုပ်စု အမြန်ပင်လက်အုပ်ချီပြလိုက်ရသည်။ထိုအခါမှ..

"သေမယ် သူစိမ်းတွေနဲ့မိုလို့နော် နင်တို့"

ခပ်ကြိတ်ကြိတ် အသံကြောင့် အားလုံး ရေဘူးကိုယ်စီ မော့သောက်ကာ ငြိမ်သွားကြ၏။တီချယ်သည် ရောင်လျံတို့ပထမနှစ်ထဲက သင်လာတဲ့ဆရာမဖြစ်သည်မို့ အတော့်ကိုရင်းနှီးနေပြီဖြစ်သည်။

"သင်းရနံ့မပြယ် ဆင်းသန့်သန့်ရယ်ကွယ်" [ Completed ]Where stories live. Discover now