အပိုင်း ၆

1K 60 0
                                    

(၆)

အသက်ရှူမှန်မှန်ဖြင့် အိပ်မောကျနေသော လူတစ်ယောက်။သူ့နံဘေးတွင် မေးထောက် ကြည့်နေသော မိန်းမပျိုတစ်ဦး။သူမသည် ထိုလူကို ရှူမဝသည့်နှယ် စိမ်ပြေနပြေ ကြည့်လျက် နှစ်လိုဖွယ်ရာပြုံးနေလေသည်။

"ဘယ်ဘဝ ဆုတောင်းကြောင့် ချစ်ဖို့ကောင်းတဲ့ရုပ်လေး ဖြစ်နေတာလဲနော်"

အသဲယားလှသဖြင့် ဖျစ်မယ်ညှစ်မယ် လက်လှမ်း လိုက်သော်လည်း သနားစိတ်က ဝင်မိသွားပြန်သည်။ထို့ကြောင့် မလုပ်ရက်တော့ပဲ စောင်ပါးလေးကိုသာရင်ခေါင်းထိ ဆွဲခြုံပေးလိုက်သည်။

မနေ့က သူတော်တော် ပင်ပန်းသွားမှာ။ငိုထားတဲ့ အရှိန်ရော၊လူတွေ အများကြီးကိုလဲ ကြောက်၊ရောင်လျံတို့အုပ်စုကိုလဲ လန့်နဲ့။နောက်ပြီး ခဲတံကို နှစ်နာရီ နီးပါးကိုင်ရတော့ လက်ဆစ်လေးတွေပင် ရောင်လို့။ဗိုက်ကလေး ပြောပုံအရ သူ့ချည်းလွှတ်ထားတာ မဟုတ်။ဖူးဖူးကတလှည့် ရောင်လျံက တလှည့် လက်ထပ် ရေးသင်တယ်တဲ့။အဲတော့ ပိုအထိနာတာပေါ့။

ဆေးရှိန်နဲ့ လက်ကတော့ အရောင်ကျလုလု။ဗိုက်ကလေး အားတော့ကိုးရသည်။

သင်း အဲ့နေ့လယ်ထဲက အိမ်ပြန်ရပြီး သူ့ကို ဗိုက်ကလေးနဲ့ ထားခဲ့ရသည်။သာခင်နဲ့သာလှက နွားချီး(နောက်ချေး) ချရင်းဆိုတော့ ဖေကြီးက "လက်စနဲ့ နွားပေါက်လေးတွေ တံပိုးကျင့်ပါလား"ပြော၍ လမ်းသင့်သည်နှင့်တခါထဲ ပါသွားခဲ့သည်။

သူတို့က လှည်းတစ်စီးစီမို့ သင်းမလိုက်လို့မဖြစ်။နောက်ပြီး ခြံပေါက်လေးတွေက သင်း လက်ထွက်မို့ သာခင်သာလှနဲ့မရ။ထိုတော့ အိမ်ကို မှောင်မှ ပြန်ရောက်သည်။သင်း ပြန်ရောက်ချိန် သူကအိပ်နှင့်ပြီ။

သင်း ညာလက်လေးဆီ အကြည့်ရောက်နေစဥ်မှာပဲ မောင်လေးက လူးလွန့်လာလေသည်။မျက်စိကို လက်ဖနောင့်နှင့်ဖိပွတ်ကာ ကုန်းရုန်းထလာ၏။

"ဘယ်အချိန်ရှိပြီလဲ ၊ သား အကြာကြီးအိပ်ပျော်နေတာလား"

"အင်း အကြာကြီးတော့ဟုတ်တယ် ဒါပေမဲ့ လောလောဆယ်တော့ မိုးမလင်းသေးဘူး အိပ်ချင်ရင် အိပ်လို့ရသေးတယ်"

"သင်းရနံ့မပြယ် ဆင်းသန့်သန့်ရယ်ကွယ်" [ Completed ]Nơi câu chuyện tồn tại. Hãy khám phá bây giờ