အပိုင်း ၂၁

551 30 7
                                    

(၂၁)

"မောင်လေးရေ...မောင်လေး...ဆင်းလေးရေ"

မမက မနားတမ်းခေါ်ရင်း ဆင်းရှိရာ ပြေးလာနေသည်။ဆင်းအသံပြုလိုက်ပေမဲ့ ကောက်ပင်တွေက အတော်အတန် မြင့်နေပြီမို့ ဆင်း ဘယ်မှာရှိနေမှန်း သူမသိ။

"ဒီမှာ မမရေ..​ဖြေးဖြေးလာခဲ့ ထိကရုန်းတွေနဲ့"

ထိုင်ရာမှထလိုက်ပြီး လက်လှမ်းပြတော့မှ အပြေးရပ်ပြီး ဖြေးဖြေးချင်း လျှောက်လာတော့သည်။ဆင်း မြက်ရိတ်ထားသည့် မြက်ပုံထဲတွင် ဆူးအနည်းငယ်ပါနေ၍ ကိုယ်ပဲ ထသွားလိုက်သည်။

"သတင်းကောင်း ဆင်းရေ၊သတင်းကောင်း.."

"မောင့်ဆီကလား..!"

ဖြတ်မေးလိုက်တဲ့ စကားကြောင့် သင်းခဏမျှ မှင်သက်သွားသည်။ကိုယ်က ဆရာမလျှောက်တာ ပါလို့ သင်တန်းတက်ရတော့မဲ့ အကြောင်း ပြောမလို့လာခဲ့တာ။ဝမ်းသာလုံးဆို့ပြီး ခလုတ်တိုက်လဲမတတ် လာမိတဲ့ သင်း ခုများတော့ ဘယ်လိုများ ပြောထွက်ရက်ပမလဲ။

"မဟုတ်ဘူးပဲ"

ဆင်း မျှော်လင့်နေတဲ့ စကား မရနိုင်မှန်း သိပေမဲ့လို့ တခါလောက်တော့ မျှော်လင့်ချင်မိပါသည်။မောင့်ဆီက ဆက်သွယ်လာတယ် ဆိုတဲ့ စကားလေးကိုပေါ့။

မောင်က ဆင်း ထင်မထားမိလောက်အောင်ကို ရက်စက်သည်။ပြန်သွားသည့် သုံးလကျော်မှာ တကြိမ်လေးတောင်ဆက်သွယ်မလာခဲ့။လူကိုယ်တိုင် မဟုတ်တောင် ဖုန်းနဲ့ ဖြစ်ဖြစ် ဆက်သွယ်လို့ရသည့်။လူကြုံနဲ့ စာပါးရင်တောင် အဆင်ပြေတဲ့ လမ်းကြောမှာမောင်က နေနိုင်လွန်းသည်။

"မောင်လေး"

"ဟင်"

"အိမ်ပြန်ကြမလား"

အလိုက်သိစွာပဲ သင်းသူ့မြက်ပုံလေးတွေကို ခြင်းထဲ ထည့်ပေးလိုက်သည်။

"နေနေ မမ ၊မမပြန်နှင့် ပြီးရင် ဗိုက်ကလေးကို လွှတ်လိုက်၊ဆင်းမြက်ခြင်းလာထမ်းပေးဦးလို့"

"အေးပါ"

မမပြန်သွားတော့ မြက်ရိတ်တဲ့ဆီအာရုံပြန်စိုက်ရသည်။တံစဥ်ကိုင်ထားတဲ့လက် သတိမှမရှိရင် လက်ရှတတ်သည်။ဆင်း အန္တရာယ်ရှိတဲ့အလုပ်ကိုလုပ်နေရင် မောင့်ကို လွမ်းတဲ့ ဝေဒနါတွေက ခဏ သက်သာသည်။လုပ်ပါများလို့ စိတ်ပြောင်းရင်တော့ နာရီပိုင်းလောက် မေ့နိုင်သွားသည်။

"သင်းရနံ့မပြယ် ဆင်းသန့်သန့်ရယ်ကွယ်" [ Completed ]Where stories live. Discover now