အပိုင်း ၂၀

638 25 1
                                    

(၂၀)

စောအယ် ကန်တင်းန်မှာ မနက်စာ စားနေတုန်း ယောဟန် တစ်ယောက် စာရွက်ကိုင်မြှောက်ပြီး အူးလျားဖားလျားနှင့် ပြေးချလာသည်။ဘယ်လောက်တောင် ရေးကြီးသုတ်ပြာနဲ့ အမြန် ပြေးလာမှန်း မသိ ဟောဟဲပင်ဆိုက်လို့။

"ဖြေးဖြေးလာပါကွ ၊ ဆိုင်ဘယ်မှထွက်မပြေးပါဘူး..ရော့သောက်ဦး"

မိုးအေးအေးနဲ့ bubble tea ထိုင်သောက်နေတဲ့ ကောင်ကတော့ အပူပင်ကင်းတာပေါ့။ကိုယ့်မှာသာ မနေနိုင်မထိုင်နိုင် မျောက် မီးခဲ ဖင်ခုထိုင် သလိုဖြစ်နေရတာ။

"မင့်ဟာကြီး ဖယ်စမ်းပါ"

သူ့စာရွက် ရေစိုမှာ စိုးရိမ်၍ထင် ကိုယ့်အအေးခွက်ကို အတင်း ဘေးတွန်းပစ်သည်။

"ယောဟန် အဲ့ဒါဘာစာရွက်လဲ"

"ဒါလား.. ကိုယ်တိုင်ဖတ်ကြည့်"

A4 စက္ကူဖြူဖြူပေါ်မှာ အနည်းငယ်သော စာလုံးတွေကပင် စောအယ်၏ မျက်လုံးများကို ပြူးကျယ်ဝိုင်းစက်သွားစေ၏။

"ဒါ..ဒါက"

"ငါလည်း ကြားကြားချင်း အံ့သြသွားတာ၊ဒီအတိုင်းပြောရင် မင်းမယုံမှာစိုးလို့ ငါသက်သေ ယူလာပြတာ"

လုပ်ရက်လိုက်တာ ရောင်လျံရယ်။မင်း ငါတို့ကို တခွန်းမှ မတိုင်ပင်ပဲ လုပ်ချသွားတာ။

"မင်း ဒါဘယ်ကရလဲ"

"မော်ကွန်းထိန်းဆီက"

စောအယ် သက်ပြင်းသာ ချမိလိုက်သည်။ဒီလောက်နှစ်တွေ အကြာကြီးပေါင်းလာတဲ့ သူငယ်ချင်းတွေကို သူမို့ထားခဲ့ရက်သည်။အဆက်သွယ်တွေရုတ်တရက် ဖြတ်သွားတာ ဒါကြောင့်ကိုး။

"သူကျောင်းပြောင်းတာ ငါတို့ကိုတော့ ပြောသင့်တယ်ကွာ"

"ပြောသင့်တာမဟုတ်ဘူး ပြောကိုပြောရမှာ၊မင်းတွေးကြည့် သူငယ်ချင်းအရင်းကြီး ကျောင်းမတက်တာ သူများပြောမှ သိရတယ်လို့ ၊ လွန်တယ်ကွာ ဪ ငါတို့ကတော့ သူ့အဘွားဆုံးလို့ ဝမ်းနည်းပြီး ကျောင်းမတက် နိုင်တာပေါ့ rollcall ခိုးထိုး၊စာတွေကူးပေးနဲ့"

"ငါအစထဲက ယုံလိုက်ရမှာ"

"ဘာကိုလဲ"

ယောဟန်က အဓိပ္ပါယ်ကို နားမလည်သလို မျက်မှောင်ကြုတ်ရင်း မေးလာသည်။ထို့နောက်တော့ ရောင်လျံဆီဖုန်းခေါ်နေတာ မြင်လိုက်ရသည်။

"သင်းရနံ့မပြယ် ဆင်းသန့်သန့်ရယ်ကွယ်" [ Completed ]Where stories live. Discover now