အပိုင်း ၃

1.3K 80 29
                                    

(၃)

"မိသင်းရေ သမီး ပြီးပလား၊ပြီးရင်ဆင်းလေးကို ခေါ်ခဲ့တော့"

ဆင်း သနပ်ခါးလိမ်းတဲ့နား ထိုင်ငိုက်နေတဲ့ မမ။ပါးစပ်လေးတောင် ဟလို့။ဆင်းလည်း သနားသဖြင့် မနှိုးရက်တော့ပဲ လူကိုမှီစေလိုက်သည်။ထို့နောက် ဆင်းကိုယ်ပေါ် သူခြုံပေးထားတဲ့ စောင်ပါးလေးကို သူ့ပြန်ခြုံပြီး ဆင်း ငြိမ်နေပေးလိုက်သည်။

မနက်ဆို နေဖင်ထိုးအောင် အိပ်လေ့ရှိတဲ့ မမက ဒီမနက် အစောကြီးထရသည်။ဆင်း ဘုန်းကြီးကျောင်း လိုက်မှာဖြစ်၍ပါ။သူ့ခမျာ အိပ်ရေးပျက်ခံပြီး မျက်နှာသစ်တာ မှအစ အင်္ကျီလဲတာအဆုံး စိတ်ရှည်လက်ရှည် လုပ်ပေးရှာသည်။

အမြွှာပေမဲ့ ဆင်းကို သူ့ထက်အများကြီးငယ်တဲ့ ကလေးပိစိလေးလို ဂရုစိုက်ပါသည်။တခါတလေသာ ဆင်းနားမလည်တဲ့ မြို့စကားတွေနဲ့ ငေါက်လေ့ရှိတာက လွဲလို့ပေါ့။

"ဆင်းလေး"

ဒေါ်ပန်းမှုံ အိမ်ခန်းတံခါး မဝင်ခင်မှာတင် ​ခြေလှမ်းကတုံ့ခနဲ။ဆွမ်းကပ်သွားမှာပါဆိုမှ ဘယ်နှဲ့ကြောင့် နှစ်ယောက်သား ငုတ်တုတ် အိပ်နေကြသတုန်း။သူတို့လုပ်ပုံနဲ့ ဆရာတော်တော့ ဆွမ်းငတ်မယ်။

"မိသင်း..ဆင်းလေး"

မိမိ လှုပ်နှ်ိုးလိုက်တော့ သမီးဖြစ်သူက အင်းအဲအသံပြုပြီး တုံးခနဲလဲသွားသည်။

"မေကြီး မမကို ထားခဲ့လိုက်မလား၊သူအရမ်းအိပ်ချင်နေတာ ဖြစ်မယ်"

"အေးအေး ထားခဲ့လိုက် ၊ဪ ဆင်းလေး ကျည်တောက်ထဲက ကြိမ်လုံးယူခဲ့ဦးနော် မိသင်းမပါတော့ မေကြီးတို့မလွယ်ဘူး"

သားအမိနှစ်ယောက် မီးအိမ်ကိုယ်စီနှင့် ရွာဦးကျောင်း ထွက်ခဲ့သည်။နေမထွက်သေးသည့် အချိန်မို့ ရွာလမ်းကြားက လူပြတ်နေသည်။ကိုယ်ရွာနဲ့ကိုယ် မကြောက်ပေမဲ့ ခွေးဘာညာတော့ကြောက်ရသည်။အထူးသဖြင့် ဆင်းလေးက ခွေးဆို အသေကြောက်သည်။

"ဆင်းလေး ဖြေးဖြေးလျှောက်လေကွယ် လုံချည်ဝတ်ထားတဲ့မိန်းခလေးက အဲ့လို မလျှောက်ရဘူးကွဲ့ ၊ ဒီကိုကြည့် မေကြီးလိုမျိုးလျှောက်၊လက်ကကိုင်မထားနဲ့"

"သင်းရနံ့မပြယ် ဆင်းသန့်သန့်ရယ်ကွယ်" [ Completed ]Nơi câu chuyện tồn tại. Hãy khám phá bây giờ