အပိုင်း ၁၆

632 29 3
                                    

(၁၆)

နေသာသော မနက်ခင်း၌ ပေါက်ပြားကိုယ်စီထမ်းလျက် လမ်းဖောက်ရန်ချီတက်လာကြသည့် တံတိုင်းလှရွာသူရွာသားများ။ကျားမအရွယ်စုံ တက်ကြွစွာဖြင့် မညီညာသော လမ်းတို့အား ပြုပြင်ကြမည်ဟု ကြွေးကြော်ရင်း လုပ်ငန်းများစတင်ကြသည်။

ဆည်ရိုးမရောက်ခင် လမ်းကိုပဲ ကျောက်ချောလမ်းခင်းရန် လျာထားကြသည်မို့ ရှိနှင့်ပြီးသား မြေသားလမ်းကို အနည်းငယ်ချဲ့ထွင်ကာ မြေဖို့ကြ၏။

ရွာလုံးကျွတ်နီးပါး ဆူဆူညံညံဖြင့် တပျော်တပါးကြီး လုပ်အားပေးနေကြပုံက မြင်ရသူအဖို့ ပီတိဖြစ်ဖွယ်။ရေအေးအဆင်သင့် ၊ ရွေနွေးအဆင်သင့်နှင့်စားစရာမျိုးစုံတို့ဖြင့် ဒါနပြုကြသူများကလည်း အလျှံပယ်။

"ဗျို့..သူကြီး...!!!! ဒီတိုင်းဆို မနက်ညတရက်ထဲနဲ့တောင် မြေဖို့တာပြီးမယ်ထင်တယ်"

ဝမ်းသာအားရဖြင့် ပြောလိုက်သော ဖိုးသာအောင် စကားကြောင့် လူအများက လက်ခုပ်လက်ဝါးတီးကာ ဆော်သြအားယူကြလေသည်။

"လုပ်ကြဟေ့....!!နေ့လယ်စာ ထမင်းကိုဆရာလေး ဒေါ်ကပ်စီးက ဒါနလုပ်ထားတယ်တဲ့..အသားဟင်းသုံးမျိုးဆိုလား..!!"

"ဟုတ်လား...ကျုပ်တို့တော့ နတ်သုဒ္ဓါစားရတော့မယ်ဗျို့..ဟင်းသုံးမျိုးလောက်ဆိုတော့ ဒေါ်ကပ်စီးတို့သွေးတက်နေမလားပဲဗျ"

သူကြီးနှမ သီလရှင်က မထွက်သေးသည်မို့ ထိုသို့ခေါ်ကြခြင်း။ဥစ္စာပစ္စည်း ပြည့်စုံသော်လည်း ကပ်စီးကုပ်ပြီး အပေးကမ်းနည်းသူမို့ တရွာလုံးက ဒေါ်ကပ်စီးဟု ကင်ပွန်းတပ်ထားကြသည်။သူကျွေးတာ စားရခဲသည့်အတွက်ဟာသနှောကာ ပြောခြင်းလည်းဖြစ်ပေသည်။

ထာဝရကုသိုလ်ထဲတွင် လမ်းတံတားပြုပြင်ခြင်းက လူတိုင်းလုပ်နိုင်ခဲသော ကုသိုလ်ကောင်းမှုတမျိုးပေ။ထိုကဲ့သို့ နတ်လူသာဓုခေါ်သော လုပ်ငန်းဖြစ်သည်ကြောင့်လားတော့ မပြောတတ် တမနက်ခင်းလုံး အုံ့ပျပျနှင့် နေမပူပဲ အေးအေးမြမြ ရှိလို့နေသည်။

"ဆရာလေး နားဦးလေ..ကျုပ်တို့ကကိစ္စမရှိပေမဲ့ လုပ်နေကျ မဟုတ်ရင်ကိုယ်လက်နာလိမ့်မယ်..ထား ထား ဒီရေလေးအရင် သောက်လိုက်"

"သင်းရနံ့မပြယ် ဆင်းသန့်သန့်ရယ်ကွယ်" [ Completed ]حيث تعيش القصص. اكتشف الآن