အပိုင်း ၁

4.9K 146 30
                                    

(၁)

"ရောက်ပြီဟေ့ ....!!!!!"

အဖွဲ့ခေါင်းဆောင်၏ အသံပြာ အက်အက်​ကြောင့် Express ပေါ်ရှိ လူငယ်တစ်စုသည် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်၏။ထိုစဥ် ရပ်နေသည့် ကားသည် ရုတ်တရက် ဆောင့်ထွက်သွားပြန်သည်။

"ဗျို့ ကားဆရာရေ့...!!!"

"ငြိမ်အောင် ဟေ့ ငြိမ်အောင်..!!"

ထိုအခါမှ အားလုံး ကိုယ့်ခုံလေးမှာ ကိုယ် အသီးသီး နေရာ ပြန်ယူကြကုန်၏။သို့သော် နှုတ်ဖျားကတော့ တယောက်တစ်ပေါက်စီ ထွက်နေကြတုန်း။

"ကဲ ပစ္စည်းစစ်ပြီး တန်းစီ ဆင်းမယ်နော် ၊ ငါတို့က Uni ကျောင်းသားတွေ ၊တနည်းအားဖြင့် စာတတ်မြောက်ရေးအတွက် ကူညီပေးမဲ့ အဖွဲ့ အဲ့လိုတွေးမယ် ၊လုပ်အားပေးတာဖြစ်လို့ ရွာသားတွေနဲ့ရန်ဖြစ်တာ ပြသနာတက်တာ လုံးဝ မဖြစ်ရဘူးနော် အဲ့ဒိအတွက်နဲ့ ကိုယ့်အဖွဲ့ရဲ့ ရည်ရွယ်ချက် ကို လုံးဝမယိမ်းယိုင်စေပါနဲ၊ကိုယ့်ကျောင်းရဲ့ imageကို လုံးဝမထိခိုက်ပါစေနဲ့ အရေးကြီးတာက ယောကျ်ားလေးတွေ.."

ပြောနေရင်း တီချယ့်အကြည့်က ရောင်လျံတို့ဆီ ရောက်လာသဖြင့် အချင်းချင်း လက်တို့ကာ မျက်နှာပိုး သတ်လိုက်ရသည်။

"ခု တီချယ်တို့သွားမှာက ရွာဘက်နော်၊ရွာဆိုတဲ့အတိုင်း အဲ့ဒိကလူတွေကရိုးသားတယ်၊အသိမတွင်ကျယ်ဘူးအဲတော့ အပြောအဆို သတိထားပါ၊လွတ်လပ်တဲ့နေရာပေမဲ့ အပျော်အပါးလျှော့မယ်၊သူများသားပျိုသမီးပျိုကိုစတာနောက်တာ ထိကပါး ရိကပါးလုံးဝမလုပ်ရဘူး.. တီချယ်ပြောတာ သဘောပေါက်လား.."

တီချယ့်စကားကြောင့် ညကအဆောင်မှာတိုင်ပင်ခဲ့သည့် ထန်းရည်တို့၊ကြွက်ကြော်တို့ စားမယ်ဝါးမယ် ဆိုသော အတွေး၊ရွာသူလေးတွေ ပိုးမယ်ပန်းမယ် ဆိုသော အတွေးတို့ကား တခန်းရပ်ပေါ့။

"အားလုံး...!"

အဆုံးတော့လည်း တစ်ယောက်တပြန် မျက်စပစ်ရင်း အီလည်လည် မျက်နှာပေးများနှင့် ခေါင်းငြိမ့်လိုက်ရတော့သည်။

"ပေါက်ပါတယ် တီချယ်....!!"

ထိုစကားအဆုံး ဆရာ ၁ယောက်၊ဆရာမ ၁ ယောက်နှင့် ကျောင်းသူကျောင်းသား ၇ယောက်တို့သည် တူညီသော ဝတ်စုံများနှင့် ကားပေါ်မှ ယဥ်ကျေးစွာ ဆင်းသက်ကြတော့သည်။

"သင်းရနံ့မပြယ် ဆင်းသန့်သန့်ရယ်ကွယ်" [ Completed ]Hikayelerin yaşadığı yer. Şimdi keşfedin