အနုပညာအထက်တန်းကျောင်းဒုတိယနှစ်မှာဆောင်ဟွန်းတို့အတန်းထဲ ကျောင်းပြောင်းကျောင်းသားလေးရှိခဲ့တယ်။နာမည်က ဂျုံဆောင်းလို့ခေါ်ပီး ဆောင်ဟွန်းနဲ့တူတဲ့ မျိုးရိုးနာမည်"ပတ်" ကြောင့် averageကျောင်းသားလေးတဖြစ်လဲဆောင်ဟွန်းက ထူးထူးခြားခြားသတိပြုမိခဲ့တယ်။ဒါကဒီအတိုင်းပဲ။မျိုးရိုးနာမည်တူကျောင်းသားလေး ဂျုံဆောင်းနဲ့ ဆောင်ဟွန်းကစကားလဲမပြောဖြစ်ခဲ့သလို အခန်းထဲမှာလဲ အဝေးဆုံးနေရာမှာထိုင်ဖြစ်ခဲ့ကြတာကြောင့် ရင်းနှီးလာစရာအကြောင်းမရှိခဲ့။နှစ်ဝက်ရောက်တော့ ဖန်လာတဲ့အကြောင်းက စစ်ဆေးရေးစာမေးပွဲဖြစ်ပီး အဲ့နေ့ကဆောင်ဟွန်းအိမ်ပြန်နောက်ကျတယ်။မှောင်စပြုနေတဲ့အချိန်မှာ ဆောင်ဟွန်းက အိမ်ကိုခပ်သွက်သွက်လျှောက်တယ်။လမ်းအကွေ့တစ်ခုနားက မီးတိုင်အောက်မှာ ငေါင်ငူထိုင်နေတဲ့ လူတစ်ယောက်ကိုတွေ့ပီးလန့်မသွားခင်ထိပဲ။
"ဂျုံဆောင်း?"
ရင်းနှီးပုံပေါက်နေတဲ့လူကြောင့် ဟုတ်ပါ့ဟုတ်ပါ့မလားလှမ်းခေါ်ကြည့်လိုက်ပေမယ့် မော့ကြည့်လာတဲ့လူက တကယ့်ကိုဂျုံဆောင်း။
"မင်းဒီအချိန်ကြီး ဒီမှာဘာထိုင်လုပ်နေတာလဲ"
"အာ...ဒီတိုင်း"
ဂျုံဆောင်းပြောတဲ့ "ဒီတိုင်း"ဆိုတာက လုံးဝမဖြစ်တန်ရာ။မို့အစ်နေတဲ့နီရဲရဲဂျုံဆောင်းမျက်လုံးတွေက "ဒီတိုင်း" မဟုတ်ကြောင်း သက်သေပြနေတာကြောင့်။
"ဒါဂျီဟွန်းတို့အိမ်မဟုတ်လား။ဘာလဲ ဒီကောင်တွေမင်းကိုခေါ်ပီးအနိုင်ကျင့်တာလား"
"မဟုတ်ဘူး။ငါတကယ်လမ်းကြုံလို့"
"ခနစောင့်"
အတန်းခေါင်းဆောင် ဂျီဟွန်းဆိုသူက ကျောင်းနဲ့မလှမ်းမကမ်းမှာနေတာကြောင့် ဆောင်ဟွန်းအိမ်ပြန်တိုင်း ဂျီဟွန်းတို့အိမ်ရှေ့က ဖြတ်လျှောက်နေကြ။တစ်ခါတစ်လေ လမ်းကြုံလို့ သွားရင်းလာရင်းဆုံမိတာမျိုးတောင်ရှိသည်။ဒါကြောင့်ပဲ ဂျီဟွန်းအိမ်ကို ဆောင်ဟွန်းကသိနေခြင်း။
"ဟေ့ ဂျီဟွန်း"
"အယ်..ဆောင်ဟွန်း။ဘာလာလုပ်တာလဲ"
![](https://img.wattpad.com/cover/335413557-288-k275422.jpg)