ဆောင်ဟွန်းမျက်လုံးထဲမှာ ဂျုံဆောင်းကကြောင်ကလေးနဲ့တူတယ်။ကြောင်လေးတွေရဲ့အမြှီးလှုပ်ရှားပုံကိုကြည့်ပီး စိတ်အခြေအနေကိုခန့်မှန်းလို့ရသလိုပဲ ဂျုံဆောင်းရဲ့အမူအရာသေးသေးလေးတွေကိုကြည့်ပီး စိတ်အခြေအနေကိုခန့်မှန်းလို့ရတယ်။
ကြောင်လေးတွေကစကားမပြောကြဘူး တညှောင်ညှောင်အော်ရင်းနေလိမ့်မယ်။လူသိပ်မကပ်တဲ့ကြောင်လေးတွေက တစ်ကောင်တည်းခွေအိပ်နေတတ်တယ်။ဂျုံဆောင်းကလဲဒီတိုင်းပဲ။ခံစားချက်တွေကိုစကားနဲ့မဖော်ပြပဲ တစ်ခုခုဆို "ဟွန်းနား..."လို့အော်ခေါ်လိမ့်မယ်။အပေါင်းအသင်းမရှိတဲ့ဂျုံဆောင်းလေးက ဆောင်ဟွန်းနားမှာပဲကြောင်လေးလိုကပ်နေလိမ့်မယ်။
တစ်ယောက်တည်းနေလာရင်းကနေ ဘဝထဲဂျုံဆောင်းတစ်ယောက်လမ်းပျောက်ပီးဝင်လာတဲ့အချိန်ကစလို့ ဆောင်ဟွန်းကကြောင်ပိုင်ရှင်ဖြစ်တော့တာပဲ။
"frappuccino?"
ခေါင်းငြိမ့်ခေါင်းခါမလုပ်ရသေးပေမယ့် နှုတ်ခမ်းလေးစုသွားတာကိုမြင်ရုံနဲ့ ဂျုံဆောင်းမကြိုက်ဘူးဆိုတာ ဆောင်ဟွန်းသိတယ်။
"latte?"
ဒီတစ်ခါတော့ဂျုံဆောင်းကခေါင်းလေးစောင်းတယ်။စိတ်ဝင်စားပုံပေါ်ပေမယ့် အကြိုက်တော့မဟုတ်သေး။
"americano?"
တဖျတ်ဖျတ်ခတ်တဲ့မျက်လုံးလေးတွေကတစ်ဆင့်ဂျုံဆောင်းအကြိုက်ကို ရှာတွေ့သွားတယ်။လက်နှစ်ချောင်းထောင်ပြတဲ့ဂျုံဆောင်းရဲ့ဆိုလိုရင်းက double shot။
ဂျုံဆောင်းအတွက်ကော်ဖီမှာပေးခြင်းအမှုက ဒီလိုပဲပီးဆုံးသွားတယ်။
လောကကြီးကသာသွေးအေးတိုက်ပွဲဖြစ်မယ်ဆို ဂျုံဆောင်းကအပြတ်အသတ်နိုင်လောက်တယ်။တစ်ခါတစ်လေတော့ ဆောင်ဟွန်းက ဂျုံဆောင်းကိုဆူပူပစ်ချင်တယ်။စိတ်ထဲရှိတဲ့အတိုင်းနေစမ်းပါ စိတ်ထဲရှိတဲ့အတိုင်း ဖော်ပြစမ်းပါဆိုပီး။ဂျုံဆောင်းကြောင့် မွန်းကြပ်ရတဲ့အခါတွေ ဆောင်ဟွန်းမှာသေချာပေါက်ရှိတာပေါ့။
"ဂျုံဆောင်းကတော့ ပြဿနာရှာပြန်ပီဟေ့"
ကောက်ခါငင်ခါဆူတော့ မျက်မှောင်ကြုံ့ပြတဲ့ဂျုံဆောင်းကို ဆောင်ဟွန်းဖြင့်ရိုက်ပစ်ချင်တော့တာပဲ။နောက်ဆုံးစာမေးပွဲကနီးနေတာကြောင့် ပျာယာခတ်နေတဲ့အချိန်မှာ ဆောင်ဟွန်းရဲ့သီချင်းစာရွက်ကို သေချာမကြည့်ပဲ printerထဲရောထည့်ပစ်လိုက်တယ်လေ။အခုတော့ စာတွေထပ်ပီး သုံးမရတော့ဘူး။