ဆောင်ဟွန်းက မိုးရွာတဲ့နေ့တွေကို သိပ်မကြိုက်ဘူး။မိုးရွာရင် အစ်ကိုဟီဆွန်းကိုတွေးမိတယ်လေ။မိုးရေထဲမှာ ပြိုလဲခဲ့တဲ့နေ့ရက်က ဆောင်ဟွန်းအတွက် အဆိုးရွားဆုံးမှတ်ညဏ်တစ်ခုလို။ဒါကြောင့် မိုးရွာတဲ့နေ့ရောက်ရင် ဆောင်ဟွန်းရဲ့စိတ်အခြေအနေက ထိုးကျသွားတတ်တယ်။"မိုးတွေရွာနေပီ"
"ဟွန်းနား မိုးရွာတာကြိုက်လား"
"ဟင့်အင်း မုန်းတယ်"
"ဘာလို့လဲ"
"ဒီတိုင်းပဲ မုန်းတာ"
"ဒီလောက်ကောင်းတာကို။တခေါက်လောက်သွားကြည့်မလား"
"ဘာပြော-ဂျုံဆောင်း ခနလေး"
မိုးရွာလို့ အခန်းထဲဝင်ကွေးဖို့ ပြင်နေပေမယ့် ဂျုံဆောင်းကရောက်လာပီး ဆောင်ဟွန်းလက်ကိုဆွဲလို့ မိုးရေထဲပြေးထွက်သည်။
အေးစက်စက်မိုးရေတွေက ခန္ဓာကိုယ်ပေါ်ကျလာပီး တခနချင်းတစ်ကိုယ်လုံး စိုရွှဲသွားတော့တယ်။ဂျုံဆောင်းရဲ့ မျက်ဝန်းညိုဝိုင်းဝိုင်းလေးတွေက မိုးရေထဲမှာ တလက်လက်။ပြုံးရွှင်နေတဲ့မျက်နှာလေးကိုမြင်ရတော့ မိုးရွာတာဒီလောက်လဲမဆိုးလှပါဘူးလို့ ဆောင်ဟွန်းတွေးမိသွားတယ်။
"ဂျုံဆောင်း အအေးပတ်လိမ့်မယ်။အိမ်ထဲဝင်ရအောင်"
"ဟင့်အင်း မဝင်ဘူး"
သဘောတွေကျနေတဲ့ ဂျုံဆောင်းက ဆောင်ဟွန်းလက်ကိုဆွဲလို့ ခြေထောက်လေးတွေ ဘယ်ညာယိမ်းပီးမိုးရေထဲကသည်။လက်ကိုမြှောက်လို့ ခန္ဓာကိုယ်ကိုလက်အောက်ထဲဝင်ပီး တစ်ပတ်လှည့်သည်။စိမ်းစိုစိုမြက်ခင်းတွေပေါ်ခြေဗလာနဲ့ ကနေတဲ့ကကွက်တွေက မညီညာပေမယ့် ကြည်နူးစေတာတော့အမှန်။
ပျော်နေတဲ့ဂျုံဆောင်းကြောင့် ဆောင်ဟွန်းကပါ အလိုလိုပျော်မြူးလာတယ်။ဂျုံဆောင်းရဲ့ ခါးကိုဆွဲဖက်လို့ ချီမြှောက်လိုက်ပီး မိုးရေထဲ နှစ်ပတ်လောက်လှည့်ပစ်တော့ ဂျုံဆောင်းရယ်သံကလွင်နေအောင်ထွက်လာတယ်။
ပွေ့ချီထားတဲ့ ဂျုံဆောင်းကိုအောက်ချပေးပီးတဲ့ခန ဆောင်ဟွန်းမျက်လုံးတွေကိုတည့်တည့်စိုက်ကြည့်လာတဲ့ ဂျုံဆောင်းရဲ့အကြည့်တွေဟာ ရစ်မူးချင်စရာ။