ဂျုံဆောင်းကအဂျစ်တိုက်ရုံတင်ဘယ်ကလိမ့်မလဲ။ဂျောင်ဝန်းကလဲအရိပ်အကဲမသိပြန်ဘူး။ဂျုံဆောင်းစိတ်ကိုနားမလည်တဲ့ကလေးမို့ အထင်တွေလွဲနေပြန်တော့ ဆောင်ဟွန်းက ချော့မော့ပြောရပြန်တယ်။
"အစ်ကိုဂျုံဆောင်းကကျွန်တော့်ကိုသဘောကျတယ်လို့ပြောတယ်။ဒါပေမယ့် ကျွန်တော်နဲ့ဘယ်တော့မှမတွဲဘူးတဲ့။ဘာလို့လဲ ကျွန်တော်လေအစ်ကိုဂျုံဆောင်းကိုနားမလည်တော့ဘူး"
"မင်းကဘာလို့ဒီလောက်အားငယ်ပြနေတာလဲ။ဂျုံဆောင်းကိုလက်မလျော့ဘူးလို့ အင်တိုက်အားတိုက်ကြွေးကြော်ခဲ့တာ မင်းမဟုတ်တဲ့အတိုင်း"
"မသိတော့ဘူးဗျာ။ကျွန်တော့်ကိုယ်ကျွန်တော်တောင်သံသယဝင်လာပီ"
စိတ်ရှိတိုင်းသာဆို ဆောင်ဟွန်းကဂျောင်ဝန်းကိုထုရိုက်ပစ်ပီ။ဂျုံဆောင်းကဒီလောက်ထိသဘောကျနေတာကို မသိရော့လား။ဂျောင်ဝန်းကသွက်ပေမယ့် နည်းနည်းတော့တုံးတယ်နေမယ်။မဟုတ်ရင်ပေးသမျှရဲ့လေးပုံတစ်ပုံတောင်ပြန်မရတဲ့ဆောင်ဟွန်းရှေ့မှာ ဒီလိုလာညီးပြနေမှာမဟုတ်ဘူးလေ။
"ဂျုံဆောင်းကမင်းကိုသဘောကျပါတယ်။ထုတ်မပြလို့သာမသိသာတာဆိုပေမယ့် ဂျုံဆောင်းက အခုမင်းကိုအများကြီးသဘောကျနေတာ။အင်း...အများကြီး"
ငယ်ငယ်ကအိမ်ကို ကလေးတွေအိမ်လည်လာရင် ကိုယ့်အကြိုက်ဆုံးအရုပ်အလုခံလိုက်ရတဲ့ခံစားချက်မျိုးကိုသိတယ်မလား။ဆောင်ဟွန်းခံစားချက်ကလဲ အဲ့အတိုင်းပဲ။မတူတာတစ်ခုက အရုပ်ကိုအလုခံရတာနဲ့ အရုပ်ကိုမပေးချင်ပေမဲ့ ကိုယ်တိုင်ပြုံးပြုံးလေးပေးလိုက်ရတာ။
~~~
"ဟွန်းနား~~ဂျောင်ဝန်းက ငါ့ကိုပန်းပေးလိုက်တယ်"
"ခရမ်းရောင်နှင်းဆီပဲ"
"ထူးဆန်းတယ်"
"ဘာလို့လဲ ဂျုံဆောင်း"
"ဂျောင်ဝန်းကလေ ငါသဘောကျတတ်တာအကုန်သိနေတယ်။အဲ့တာကြောင့်ပိုပီးစိတ်လှုပ်ရှားတယ်"
"အင်း...တကယ်တိုက်ဆိုင်တယ်နေမယ်။ဂျုံဆောင်းကတော့ ပျော်နေတယ်မလား"
