Part 4

598 80 7
                                        

ခပ်ဝေးဝေးကနေ အနီးရောက်လာရင်း သံယောဇဉ်တွေတကုဋေလောက်တွယ်သွားလို့ထင်,ဆောင်ဟွန်းနဲ့ဆို ဂျုံဆောင်းက ဂျစ်တစ်တစ်ခပ်ဆိုးဆိုးလေးဖြစ်လာတယ်။အမြဲတမ်း သူလုပ်ချင်တာ သူဖြစ်ချင်တာပဲသူသိတဲ့ကြောင်ဆိုးလေးပေါ့။ပေတူးလေးဖြစ်ရုံတင်ဘယ်ကမလဲ ဂျုံဆောင်းကထစ်ခနဲရှိစိတ်ပါဆိုးတတ်လာတယ်။

ဆောင်ဟွန်းအပေါ်ဆို ဂျုံဆောင်းကသိပ်ကိုအနိုင်ယူလွန်းပါတယ်။ဒါကို မကျေနပ်ဖို့မပြောနှင့် ပတ်ဆောင်ဟွန်းတို့ကပြုံးပြုံးကြီးတောင်သဘောတွေကျနေသေး။

"dramaမေဂျာမှာ နာအီဆိုတဲ့ကောင်မလေးရှိတယ်လေ။သူတို့ project coverရိုက်ဖို့ငါ့ကိုအကူအညီတောင်းတယ်"

"ဘာလို့မင်းကိုအကူအညီတောင်းတာလဲ။သူတို့မေဂျာမှာမော်ဒယ်လ်တွေရှိနေတာပဲ"

"ဘယ်သိမလဲ တကူးတကကြီးလာပြောတော့ငါလဲငြင်းရခက်နေတာ"

"မကူညီနဲ့ ဟွန်းနား။မရိုးသားဘူး"

"အထင်နဲ့လျှောက်ပြောလို့မရဘူးလေ ဂျုံဆောင်းကလဲ"

ဆောင်ဟွန်းကဒါလေးပဲပြောလိုက်မိတာပါ။ဂျုံဆောင်းကတော့ စားလက်စကန်စွန်းဥကိုပစ်ချပီး ထွက်သွားလေရဲ့။ဂျုံဆောင်းတစ်ယောက် စိတ်ကောက်ပြန်ပီ။

"ဂျုံဆောင်း ငါ့ကိုစောင့်အုန်းလေ"

"ဂျုံဆောင်းရေ ကန်စွန်းဥကိုတန်းလန်းပစ်ချခဲ့လို့ဘယ်ဖြစ်မလဲ"

"ဂျုံဆောင်းနဲ့တော့ခက်ပီကွာ"

"မကူညီဘူး မကူညီဘူး ဟုတ်ပီလား။သူတို့ဆီမသွားပဲမင်းနားမှာပဲနေမယ် မင်းတစ်ယောက်နဲ့ပဲနေမှာမလို့ စိတ်မကောက်နဲ့တော့"

ပြာပြာသလဲလိုက်ချော့ခါမှ အရှိန်သတ်ပီးဆောင်ဟွန်းကိုလှည့်ကြည့်လာတယ်။

"ပီးတာပဲ"

ကြည့်။ဂျုံဆောင်းကတကယ်အဆိုးအပေလေး။

"အဲ့လောက်သဝန်တိုစရာလိုလို့လား"

"ဆောင်ဟွန်းကငါ့ထက်ပိုပီး တစ်ယောက်ယောက်နဲ့ရင်းနှီးသွားမှာကိုမကြိုက်ဘူး။ငါ့အပိုင်ပဲ ဆောင်ဟွန်းကငါ့ရဲ့သူငယ်ချင်းပဲဖြစ်နေရင် အကောင်းဆုံး"

World Against YouWhere stories live. Discover now