Intro

15.2K 689 54
                                    

" အရုပ်ကလေး ပြန်ပေးချင်လို့ပါ "

အနီရောင် ပလုပ်တုတ်အရုပ်ကလေးတစ်ခု ကောက်ရခဲ့တယ် ။
ပိုင်ရှင်က ချစ်စရာကောင်းလွန်းတဲ့ ကလေးသေးသေးလေး ဖြစ်နေခဲ့တယ် ။ လက်ဖဝါးရဲရဲလေးကို ဆုပ်ကိုင်ခဲ့ချင်ပေမဲ့ တကယ်တမ်းတော့ သူ့မှာမဝံ့ရဲခဲ့ ။

" ပုဝါဖြူလေး "

ကလေးလေးကို ပြန်တွေ့ခဲ့တယ် ။ ကလေးလေးက တုတ်ထိုးချိုချဥ် အရမ်းကြိုက်တယ် ။  ခြေတံတိုတိုလေးတွေနဲ့ အရမ်းလည်း စကားတတ်တယ် ။ ပြန်မပေးဖြစ်တဲ့ ပုဝါဖြူလေးကို သေတ္တာလေးထဲ ခေါက်သိမ်းထားခဲ့မိတယ် ။ ဆယ့်သုံးနှစ်အရွယ် ကိုရင်ငယ်လေးရဲ့ နှလုံးသားသေးသေးလေးကို လေပြည်နုနုက ခပ်ဖြည်းဖြည်း တိုက်ခတ်သွားခဲ့တယ် ။

" ချိုချဥ်လေးတွေ နေ့တိုင်း လိုချင်တယ် "

ကျောင်းတော်ထဲ ပြေးဝင်လာတတ်တဲ့ ခြေတံတိုတိုလေးတွေက နေ့စဥ်နေ့တိုင်း ကိုရင်ငယ်လေးရဲ့ ဘဝကျဥ်းကျဥ်းလေးထဲ မြူးတူးခုန်ပေါက်ဆော့ကစားနေတယ် ။ နေ့တိုင်းမှာလည်း ချိုချဥ်တွေဝယ်လာတတ်တယ် ။ ကလေးလေးကျွေးတဲ့ ချိုချဥ်လေးတွေက သိပ်စားကောင်းတယ် ။ ကိုရင်ငယ်လေးက နေ့တိုင်းပဲ စားချင်နေတော့တယ် ။

" အလှတရား "

ရဟန်းဘဝကို ရောက်ပြီဖြစ်ပြီး သိက္ခာသမာဓိနဲ့ ပြည့်စုံတဲ့ သူတော်စင်တစ်ပါး ဖြစ်ခဲ့တယ်  ။ နောက်ပြီး ခြေတံတိုတိုလေးတွေရဲ့ပိုင်ရှင်ကလည်း တစ်နေ့တစ်ခြား လှလှပပ ဖူးပွင့်လာခဲ့တယ် ။  မျက်စိရှေ့တွင် အရွယ်ရောက်လာတဲ့ ကလေးလေးကိုကြည့်ပြီး ကိုရင်ငယ်လေးရဲ့ နှလုံးသားတွေကလည်း ယိုင်နဲ့လာတယ်  ။ အန္တာရယ်များတဲ့ အလှတရားတစ်ခုကို သူတော်စင်လေးဟာ နေ့တိုင်းနေ့တိုင်း သတိကြီးကြီးနဲ့  ရင်ဆိုင်ရတော့တယ် ။

" ဒုတိယမြောက်ပုဝါဖြူလေး "

ပထမဆုံး နီးနီးကပ်ကပ်နဲ့ အလှတရားအလုံးစုံကို မြင်ခဲ့ရတယ် ။ နောက်ထပ်ပုဝါဖြူလေးတစ်ခုကို သတိလက်လွတ် သိမ်းယူမိခဲ့ပြန်တယ် ။ လက်ဖဝါးထဲက ပုတီးကိုဖျစ်ညစ်ပြီး မသင့်လျော်တဲ့ အတွေးတွေကို အနိုင်နိုင်ဖယ်ထုတ်ရတယ် ။  မင်းနဲ့တော့ ခက်ပြီ ကလေးရယ် ။

Don't take away!! ( season 2 )Where stories live. Discover now