part - 2 (Unicode)

5.1K 546 119
                                    

2002ခုနှစ် ၊ ဇွန်လ (၇) ရက် ။

"' ရှောင်းအိမ်တော် "''

မြေအောက်ခန်းအပါအဝင် အထပ်ပေါင်းလေးထပ်ဖြင့် တော်ဝင်ဆန်စွာ တည်ဆောက်ဖွဲ့စည်းထားသော  နန်းတော်တမျှကျယ်ဝန်းသည့် အိမ်တော်ဖြစ်သည် ။ ခမ်းနားသော အိမ်တော်၏ အာဏာရှင်သည်  အသက်သုံးဆယ်သာရှိသေးသည့် စီးပွားရေးလောကရဲ့ဘုရင်ဖြစ်ပြီး အသက်ဆယ့်ငါးနှစ်ဖြင့် ဖခင်ရဲ့အရိုက်အရာကိုဆက်ခံနိုင်ခဲ့သူလည်းဖြစ်သည် ။

ထင်ရှားတဲ့မျက်ခုံး ၊ စူးရဲတဲ့မျက်လုံးနှင့် ညာဘက်မျက်လုံးထောင်စွန်းမှ မှဲ့နက်ကလေးက ထိုသူ၏ ခန့်ညားသောရုပ်ရည်ကို ပို၍ထည်ဝါသွားစေသည် ။ လက်ဖျားမှ ကြယ်သီးကိုတပ်ပြီးနောက် သေသပ်စွာဖြင့် ချည်နှောင်ထားသော နက်ခ်တိုင်ကိုတစ်ချတ်ပြင်လိုက်သည် ။ အနက်ရောင်တန်ဖိုးကြီးsuitနှင့် အေးစက်စက်အငွေ့အသက်အပြည့်ဖြင့် ချောမောခန့်ညားလွန်းသည့်ထိုလူက ရှောင်းလုပ်ငန်းစုရဲ့ဆက်ခံသူ

ရှောင်းအိမ်တော်ရဲ့ အရှင်သခင်
"'' ရှောင်းမုယွမ် ""

အချိန်အားဖြင့် နံနက် ( ၇ )နာရီ ။

နာရီကိုတစ်ချတ်ကြည့်ပြီးနောက် တွန့်ကွေးသွားသည့် နှုတ်ခမ်းထောင့်စွန်းများနှင့်အတူ ထိုယောကျ်ား၏ ခြေလှမ်းကြဲများက တစ်နေရာသို့ ဦးတည်တော့သည် ။ တစ်လှမ်းချင်းစီတိုင်းတွင် ဩဇာအာဏာပြည့်နေပြီး လွှမ်းမိုးလိုစိတ်အပြည့်နှင့်ဖြစ်သည် ။

လမ်းတစ်လျှောက် တန်းစီထားသော တူညီဝတ်စုံများနှင့် အပေါ်ဆုံးထပ်ရဲ့ ရွှေအဆင့်အစေခံလေးများက ရှောင်းသခင်ကြီးထွက်လာသည်နှင့် တညီတညာတည်း အရိုအသေပေးကြသည် ။ အကြည့်လေးတစ်ချတ်ပင်မပေးတဲ့ ရှောင်းသခင်ကြီးက မိုးပြာရောင်အခန်းငယ်လေးထဲသို့သာ တတ်ကြွတဲ့ခြေလှမ်းတွေနဲ့  တန်းတန်းမက်မက်ဝင်သွားတော့သည် ။

ဟုတ်ပါသည် ။ ကျယ်ဝန်းပြီးကြီးမားတဲ့ ရှောင်းအိမ်တော်ရဲ့ အပေါ်ဆုံးထပ်တွင်  လူသိမခံနိုင်တဲ့ ရှောင်းသခင်ကြီးရဲ့ ​နေမထိပန်းကလေးတစ်ပွင့်ဟာ လှပစွာ မင်းမူနေပြီး ဒီအိမ်တော်မှာ ရှောင်းသခင်ကြီးက  တစ်ဦးတည်းသော ဩဇာအာဏာရှိသူဆိုလျှင် သခင်ငယ်လေးဟာ  ထိုအာဏာရှင်ရဲ့ အသက်သွေးကြောလေးသာ ဖြစ်ပေသည် ။

Don't take away!! ( season 2 )Where stories live. Discover now