part - 5 ( Unicode )

4.2K 492 111
                                    


[ Recommended song: 8 Letters - Why Don't We ]

" ဦးဦး ချိုချဥ်သုံးခုပေးပါ "

မီးပွိုင့်မိလို့ ရပ်နေရင်းမှ  တုတ်ထိုးချိုချဥ်ဆိုင်လေးရဲ့ရှေ့မှာ လေးငါးနှစ်အရွယ် ကလေးသေးသေးလေးရဲ့ပုံရိပ်တစ်ခုကို သူဖျတ်ကနဲတွေ့လိုက်ရသည် ။ ကားစတီယာရင်ပေါ်က လက်တွေက တင်းကြပ်သွားပြီး သူအသက်ရှူဖို့တောင်ခက်ခဲလာမိသည် ။ ဒီပုံရိပ်လေး ။ ဒီကလေးလေး ။ ရှန့်ရှန့် ။ ကိုယ့်ကလေးလေး ရှန့်ရှန့် ။

ကားလမ်းမတည့်တည့်မှာမို့ နီးစပ်ရာဆိုင်က ကားပါကင်မှာ ကားကိုအမြန်ထိုးရပ်ရင်း ဆောက်တည်ရာမဲ့နေတဲ့ ခြေလှမ်းတွေနဲ့ သူထိုနေရာလေးကို အပြေးလာခဲ့မိသည် ။

" ရှန့်ရှန့်..."

ဘောင်းဘီအတိုအောက်က တုတ်တုတ်တိုတိုခြေတံလေးတွေနဲ့ သေးငယ်တဲ့ ကလေးလေးက ဈေးသည်ဦးလေးကမ်းပေးတဲ့ ချိုချဥ်ချောင်းလေးတွေကို မမှီ့တမှီယူရင်း အိပဲ့အိပဲ့နဲ့ လျှောက်လာသည် ။ သူအံ့ဩတကြီးခေါ်လိုက်မိပေမဲ့ အနီးကပ်မြင်လိုက်ရမှ ချစ်ရသူ မဟုတ်မှန်း နှလုံးသားက တိတ်ဆိတ်ငြိမ်သက်ကာဖြင့် သိသိသာသာ သတိပေးသည်  ။ လှိုက်တက်လာတဲ့ ဝမ်းနည်းအားငယ်မှုကြောင့် သူထိုနေရာ၌ပင် ထိုအတိုင်းရပ်နေမိသည် ။ ဒါက ဘယ်နှကြိမ်မြောက် လွဲမှားမှုလဲဆိုတာတောင် သူမတွေးဆနိုင်တော့ ။

' ကလေးလေး.. မင်းဘယ်မှာလဲကွာ.. "

အပြီးသတ်ပြီးကာစ ကော်ရည်လောင်းထားတဲ့ ပုံတူပန်းချီတွေကိုင်ထားရင်း ဒူးပေါ်လက်တင်ကာ အသက်ပြင်းပြင်းရှူလို့ ရပ်ကြည့်နေတဲ့ သူ့ကိုမြင်တော့ ကလေးလေးက သေချာကြည့်နေရင်းမှ မျက်စောင်းလေးထိုးကာ တစ်ဖက်လှည့်သွားပြီး ကားလမ်းကူးဖို့ ငြိမ်ငြိမ်ကလေး ရပ်စောင့်နေသည်  ။ ချွေးတွေစိုချွဲနေတဲ့မျက်နှာနဲ့ အပေါ်အောက်အနက်ရောင်အပြည့်ဝတ်ထားတဲ့သူ့ကို ကလေးလေးက မနှစ်သက်ဟန်  ။

" ဟူး..... "

ပင့်သတ်တစ်ချတ်ရှိုက်လိုက်မိရင်း ရှေ့ဆက်မသွားတော့ပဲ သူခပ်လှမ်းလှမ်းကနေသာ ငေးကြည့်နေခဲ့မိသည် ။ ဖောင်းကားနေတဲ့ပါးကြီးတွေထဲ ဇီးသီးလုံးတွေကို တမြုံ့မြုံ့ဝါးလို့စားနေပုံလေးကိုကြည့်ပြီး ချိုချဥ်ပေးမှ အငိုတိတ်တဲ့ ကလေးပေါက်စလေးရဲ့ပုံရိပ်တွေက ဦးနှောက်ကတစ်ဆင့် အမြင်အာရုံတွေထဲ သူ့ထက်ငါအလုအယက်ဝင်ရောက်လာသည်  ။ မက်တပ်ရပ်ဖို့တောင် အားအင်မရှိတော့တာမို့ ဝဲတက်လာတဲ့မျက်ရည်တွေကို ပုတ်ခတ်ရင်း ဈေးဆိုင်လေးရဲ့ မလှမ်းမကမ်း ဓာတ်တိုင်အောက်က နှစ်ယောက်ထိုင် ခုံတန်းလေးပေါ် သူထိုင်ချမိသည် ။

Don't take away!! ( season 2 )Where stories live. Discover now