part - 7 ( Unicode )

4.5K 431 183
                                    


လွန်လေခဲ့သော ရာစုနှစ်တစ်ခုတွင် ရူးနှမ်း၍ ကိုးကွယ်ရာအားမျက်ကွယ်ပြုခဲ့သည့် သူတောင်စင်တစ်ပါးရှိခဲ့လေသည် ။ အကြင်သူသည် အနာတရအပြည့်ဖြင့် အားအင်ချိနဲ့နေသည့်တိုင် အဆုံးအစမဲ့သော သံသရာတစ်ခုအား ခရုတစ်ကောင်ကဲ့သို့ တရွေ့ရွေ့ဖြင့် မရပ်မနားခရီးနှင်နေခဲ့သည် ။

ဗုဒ္ဓ၏ လမ်းစဥ်ဖြင့် စွဲလမ်းမှုကိုရှောင်ကျဥ်ခဲ့ပြီး လွတ်မြောက်ခြင်းတရားကိုရှာဖွေခဲ့သည့် သူတော်စင်ငယ်သည် ချစ်ရသူအားလက်လွှတ်ခဲ့ရပြီးနောက်တွင် များစွာသောနောင်တ,တရားတို့၏ ဖိနှိပ်မှုအား နေ့ညမပျက်ခံစားခဲ့ရပြီး တစ်ခုသောညနေ၌ ခံနိုင်ရည်ကုန်ခဲ့ပြီဖြစ်သည် ။ သို့နှင့် သူသည် နှလုံးသားတစ်ခုကိုအရင်းတည်ထုပ်ပိုး၍ မရေရာသည့် သံသရာလမ်းသို့ ချစ်ရသူအားရှာဖွေရန် ပူပြင်းတကြီး ခရီးနှင်ခဲ့လေတော့သည် ။

" မင်းရဲ့ ကိုကိုလေးက မင်းကိုလိုက်ရှာနေတယ် ။  မင်းဘယ်မှာလဲ ကလေးရယ် ။ " အိမ်မက်တွေထဲမှာရော လက်တွေ့ဘဝတွေမှာပါ သူကြိုးစား၍ အော်ဟစ်ရှာဖွေခဲ့သော်ငြား ချစ်ရသူငယ်လေးမှာ အိမ်ပြန်လမ်းလေးအား မေ့လျော့နေလေတဲ့အခါ ကိုရယ်ငယ်လေးခမျာ ဘဝအဆက်ဆက် ရင်ကွဲမတက် ရူးရပါတော့သည် ။

နုနယ်သည့်နှလုံးသားတစ်ခုဖြင့် စွဲလမ်းမှုအား မရပ်တန့်နိုင်တဲ့ကိုရင်ငယ်လေးမှာ  အရူးတစ်ယောက်ကဲ့သို့ ခံစားချတ်ကင်းမဲ့စွာဖြင့် သံသရာခရီးအား တခဏလေးမျှပင် သူဟာ မရပ်မနားနိုင်ခဲ့ရှာ ။ ကူရာကယ်ရာမဲ့နေသည့် ဤသံသရာခရီးသွားလေးအား ချစ်ရသူငယ်လေးမှတစ်ပါး မည်သူကများ ကယ်တင်၍ ရနိုင်ဦးပါ့မလဲ ။

မျက်ရည်များစွာဖြင့် မျက်ဝန်းညိုလေးနောက်သို့ တကောက်ကောက်လိုက်နေခဲ့သော  ကိုရင်ငယ်လေး၏ သွေးအလိမ်းလိမ်းတည်နေသော ခြေရာတို့သည်  တစ်လှမ်းပြီးတစ်လှမ်းဖြင့် ဤပူပြင်းလှသော ကန္တာရအား အံတု၍ ဖြတ်ကျော်နေခဲ့သည်မှာ တစ်ရက်ပြီးတစ်ရက် ၊ တစ်နှစ်ပြီးတစ်နှစ် ၊ ဆယ်စုနှစ်များမက ၊ ရာစုနှစ်များမက မမောပန်းနိုင်ခဲ့လေရှာ ။

ခရီးလမ်းတစ်လျှောက်တွင် ကိုရင်ငယ်လေး၏ အနာတရအပြည့်ဖြင့် ဂရုဏာသက်ဖွယ် နှလုံးသားတစ်ခုသည် အေးစက်မှောင်မိုက်သော သမုဒ္ဒရာ၏  အောက်ခြေတွင် များစွာသော နောင်တ,တရားတို့ဖြင့် မွန်းကြပ်စွာ ချုပ်နှောင်ထားခြင်းခံခဲ့ရသည် ။

Don't take away!! ( season 2 )Where stories live. Discover now