part- 1 ( Unicode)

6.8K 642 99
                                    

[ highly recommended song: " past lives " by BORNS ]

1985 ၊ ဇူလိုင် (၁)ရက်

" မေမေ ရှန့်ရှန့်လေးကိုရှာပေးပါလားဟင် "

" မေမေ "

အတွေးလွန်နေတဲ့ အမေဖြစ်သူဆီက အဖြေပြန်မရတော့ ပြတင်းပေါက်မှတစ်ဆင့် ခပ်ဝေးဝေးကိုငေးနေရင်းမှ ကလေးလေးဟာ ထပ်၍ခေါ်လာသည် ။ ထိုအခါမှ အမျိုးသမီးက သတိကပ်မိပြီး ခပ်ဖြည်းဖြည်းတိုးဝင်လာတဲ့ လေပြည်ကြောင့် ရွေ့လျားနေတဲ့ သားဖြစ်သူရဲ့ဆံနွယ်အုပ်အုပ်ကလေးကို ကြင်နာစွာ ပွတ်သပ်ပေးလိုက်ရင်း

" ရှန့်ရှန့်လေးက တကယ်မရှိဘူးလေ သားရယ် ။ "

" ရှန့်ရှန့်လေးက လိုက်ရှာခိုင်းနေတာ  ။ နှစ်တွေအများကြီးတောင်ရှိနေပြီ ။ အခုထိမတွေ့သေးဘူး ။ သူ စိတ်ဆိုး နေတော့မှာ "

" သားရယ် "

အဆုံးသတ်မှာတုန်ရီသွားတဲ့ စကားသံတိုးတိုးလေးကြောင့်  သူမရင်ခွင်ထဲထည့်လို့သာ ပွေ့ဖက်ပေးထားမိသည် ။ ဘာတွေများခံစားနေရတာလဲ မေ့ကလေးငယ်ရယ် ။

ငါးနှစ်အရွယ် ဝမ်ကလေးလေးက အနေအေးပြီး စကားလည်းနည်းသည် ။ တစ်ခြားကလေးတွေနဲ့လည်း အပေါင်းအသင်းမလုပ်ပဲ တစ်ယောက်တည်းသာ ငြိမ်ငြိမ်လေးနေတတ်ပြီး မှိုင်းညို့နေတဲ့ မျက်ဝန်းသေးသေးလေးတွေနဲ့လည်း အဝေးတစ်နေရာဆီ ငေးကြည့်နေတတ်သေးသည် ။ လူကျန်းမာပေမဲ့ စိတ်ဖျားနာနေတဲ့ သူတို့သားလေးကိုကြည့်ပြီး ဝမ်မောင်နှံဟာ နေ့စဥ်နဲ့အမျှ ရတတ်မအေးရပါ ။

1987 ၊ ဩဂုတ် (၅) ရက်

" ပင်ပန်းနေပြီလား သား ရောက်တော့မယ်နော် "

ခေါင်းတစ်ချတ်ညိတ်ရုံသာတုံ့ပြန်ပြီး ကားပြတင်းပေါက်မှတစ်ဆင့် တရိပ်ရိပ်မြင်တွေ့နေသော ရှုခင်းစိမ်းစိမ်းများကို ငေးကြည့်နေသည့်သားက နှစ်နှစ်ကြာသည်အထိ ကျန်းမာရေးဆွေးနွေးမှုခံယူခဲ့သော်လည်း နည်းနည်းလေးတောင် ပြောင်းလဲသွားခြင်းမရှိ ။

" ဖေဖေ ကားမှန်ချပေးရမလားသား "

အဖေဖြစ်သူက ကားနောက်ကြည့်မှန်ကနေကြည့်ရင်းမေးခဲ့ပေမဲ့ ခုနှစ်အရွယ်ကောင်ငယ်လေးကတော့ ကားမှန်အပြင်ကိုသာ မျက်နှာမူထားသည် ။ ဝမ်အမျိုးသမီးက ယောကျ်ားဖြစ်သူကိုခေါင်းညိတ်ပြပြီး ကားမှန်ဖွင့်စေလိုက်သည် ။ တိုးဝင်လာတဲ့လေပြည်တွေက လတ်ဆတ်ပြီး သန့်ရှင်းသည်မို့ သက်တောင့်သက်သာရှိလှသည် ။

Don't take away!! ( season 2 )Where stories live. Discover now