part - 3 ( Unicode )

4.3K 496 128
                                    

Highly recommend song: ' Right here waiting for you ' by Richard marx

အချိန်အားဖြင့် နေ့လည်(၃)နာရီ

သေးငယ်ပြီးသပ်ရပ်တဲ့ အဝါရောင်လိုက်ကာတွေရှိတဲ့ အခန်းငယ်လေးထဲတွင် ဖြစ်သည် ။ ဆံနွယ်ရှည်တွေရှိတဲ့ လှပတဲ့ကောင်ငယ်လေးရဲ့ပုံရိပ်တွေက အခန်းငယ်လေးရဲ့နံရံတွေပေါ်မှာ အပြည့်ကိုနေရာယူထားသည် ။ အနက်ရောင်တီရှပ်နဲ့ တောင့်တင်းတဲ့ခန္ဓာကိုယ်ရှိတဲ့အမျိုးသားတစ်ဦးကတော့ အားလျော့တဲ့အပြုံးတွေနဲ့ အပြီးသတ်ကာစ ပုံတူပန်းချီထောက်တိုင်လေးရဲ့ရှေ့က ထိုင်ခုံလေးပေါ်မှာ ခြေထောက်တွေကိုဖြစ်သလိုချရင်း  ခပ်လျော့လျော့မှီထိုင်ထားသည် ။ သူက ဂီတာတစ်လက်ကို ပွေ့ပိုက်ပြီး ပန်းချီထဲမှကောင်ငယ်လေးအား ဆွေးမြေ့စွာငေးမောနေခဲ့သည် ။

လေပြည်ကခပ်ညှင်းညှင်းတိုက်ခတ်လာပြီး မိုးနံ့ကလေးကို သယ်ဆောင်လာခဲ့သည် ။ နေရိပ်မရှိအောင် အုံ့မှိုင်းနေတဲ့ကောင်းကင်က မကြာခင်မိုးကိုသယ်ဆောင်လာတော့မည် ။  ဇူလိုင်လရဲ့ မိုးက ထိုကဲ့သို့ အချိန်အခါမရွေးကို သည်းနေပါတော့သည် ။

အမျိုးသားက စိုစွတ်တဲ့လေပြည်ကို တစ်ဝကြီးရှူရှိုက်ရင်း ဂီတာသံစဥ်ကြိုးတွေပေါ်က သူ့ရဲ့ အသားမာတက်နေတဲ့လက်ချောင်းတွေကို ခပ်ဖွဖွလေးအလုပ်ပေးလိုက်သည် ။  မိုးနံ့သင်းတဲ့လေထုအေးအေးထဲ အမျိုးသားတစ်ဦးရဲ့ ခပ်တိုးတိုးလွမ်းချင်းလေးက ဂရုဏာသက်ဖွယ် ဝေ့လည်လာတော့သည် ။

" သမုဒ္ဒရာတွေက တစ်နေ့ထက်တစ်နေ့ ဝေးကွာသွားကြတယ် "

" ကိုယ်လည်း တဖြည်းဖြည်း ရူးရတော့မယ်... "

" မင်းရဲ့အသံလေးတွေကိုတော့ လေထုထဲကနေ ကြားနေရပါရဲ့.. "

" ဒါပေမဲ့ အဲ့တာက နာကျင်မှုတွေကို မရပ်တန့်ပေးနိုင်ပါဘူး.. "

" တကယ်လို့ ကိုယ်မင်းကို ထပ်မတွေ့ရတော့ဘူးရင်..."

" ထာဝရ " လို့ ကိုယ်တို့တွေ ဘယ်လိုပြောလို့ရတော့မလဲ... "

" မင်းဘယ်တွေပဲရောက်ရောက် ဘာတွေပဲလုပ်လုပ်
ကိုယ်မင်းကိုစောင့်နေပါ့မယ် ။ ဘာတွေပဲဆုံးရှုံးရပါစေ နှလုံးသားတွေ ကြေကွဲရမယ်ရင်လည်း ငါမင်းကို ဒီနေရာလေးမှာစောင့်နေဦးမှာပါပဲ ။ "

Don't take away!! ( season 2 )Where stories live. Discover now