part - 6 ( Unicode )

6.5K 582 182
                                    

" သိပ်မချိုအောင်လုပ်ပေးနော် ညီမလေး ငယ်ငယ်ကချောင်းခဏခဏစိုးတတ်လို့ "

" ဟုတ်ကဲ့ အဆင်ပြေအောင်လေးလုပ်ပေးလိုက်ပါ့မယ်နော် "

" အခုစားမှာမလို့ ဘူးနဲ့မယူဘူး ။ အဲ့တာက အစ်ကိုလည်းမပြောပြတတ်ဘူး ။ ဘယ်လိုမျိုးလဲ "

စိတ်လှုပ်ရှားနေပုံရပြီး ပြောရခက်နေတဲ့ ခန့်ညားတဲ့အမျိုးသားကြောင့် အရောင်းဝန်ထမ်းကောင်မလေးက ပိုင်ရှင်ရှိနေမှန်း သိရင်နှင့်ပင် ရှက်ပြုံးကလေး ပြုံးမိသွားပြီ

" ကန်တော့လေးနဲ့ယူမှာကို ပြောချင်တာ ထင်ပါတယ် ။ ဘာပုံလေးနဲ့ လုပ်ပေးလိုက်ရပါမလဲ "

သူမက မေးလိုက်တော့ ထိုခန့်ညားတဲ့အမျိုးသားက မျက်ခုံးတစ်ချတ်ပင့်သွားပြီး ဆိုင်အပြင်ဘက် ကားပါကင်ဘက်ကို လှမ်းကြည့်ပြီးမှ

" အစ်ကိုပြန်သွားမေးလိုက်ဦးမယ် "

" အယ်... ဒါဆို အစ်ကို အစကနေပြန်စောင့်ရမယ်ထင်တယ် ။ နောက်မှာ ဝယ်သူတွေရှိနေသေးတော့လေ "

အရောင်းဝန်ထမ်းတွေ ငါးယောက်လောက်ထိရှိတာတောင် ရောင်းမနိုင်တဲ့ ဒီကိတ်မုန့်နဲ့ရေခဲမုန့်တွဲရောင်းတဲ့ ကလေးဆန်ဆန်အပြင်အဆင်လေးတွေနဲ့ ဆိုင်က တော်တော်ကိုလူစည်နေတာဖြစ်သည် ။ ထပ်ပြီးစောင့်ရဖို့ ရှောင်းမုယွမ်အတွက်က ကိစ္စသိပ်မရှိပေမဲ့ ခြေထောက်လေးလှုပ်ရမ်းရင်း ပျော်ရွှင်စွာနဲ့ သူ့လက်ထဲမှာပါလာမဲ့ ရေခဲမုန့်တွေကိုစောင့်မျှော်နေမဲ့ မျက်လုံးဝိုင်းလေးတွေကို တွေးမိတော့ သူအကြပ်ရိုက်သွားသည် ။

" ယုန်ပုံလေးနဲ့လုပ်ပေးလိုက်မယ်လေ ။ အခုတလော ဒါလေးကို ဝယ်ယူသူတွေ အရမ်းကြိုက်နေကြတယ် ။ အစ်ကို့ရဲ့ ကလေးလေးလည်း ကြိုက်မယ်ထင်တယ် ။ ဟီး.. "

ကောင်မလေးက ကိစ္စသေးသေးလေးအတွက်တောင် သေသေချာချာစဥ်းစားနေတဲ့အမျိုးသားကို သွားလေးစိလို့ ရယ်ပြရင်း အကြံပေးသည် ။ အမျိုးသားက သူမစကားအဆုံးမှာ စမိုင်းလိုင်းရှည်ရှည်လေးတွေပေါ်လာတဲ့ ပြုံးသွားတာမို့ သူမမှာ ထိုအမျိုးသားရဲ့ ခန့်ညားမှုတွေအောက် အသက်တောင်ရဲရဲမရှူဝံ့တော့ ။ သူများရည်းစားတွေများ လိုချင်စရာ ။

Don't take away!! ( season 2 )Where stories live. Discover now