Part (1)

2.4K 138 3
                                    

တစ်ခုသောညနေခင်း မှောင်ရိပ်ပျိုးစအချိန်တွင် ၂၄နှစ်အရွယ်ကောင်မလေးတစ်ဦးသည် အသက်မဲ့စွာလမ်းလျှောက်လာနေသည်။ ပျက်လုနီးနီးဖြင့် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသော လမ်းမီးတိုင်အောက်မာ ထိုင်ကာ သူမရဲ့နာကျင်နေသောဒဏ်ရာများကိုကြည့်ကာ ငိုနေလေသည်။ထိုလမ်းမှာ လူသွားလူလာနည်းသည်မို့ သူမစိတ်ကြိုက်ငို‌ေနခဲ့သည်။ အတန်ကြာအောင်ငိုပြီးသည့်နောက် သူမပါးပြင်ပေါ်မှ မျက်ရည်များကို လက်ဖမိုးဖြင့်သုတ်လိုက်ကာ ထလိုက်ချိန်...သူမပြန်လှဲကျသွားလေသည်။ သူမခြေထောက်များမှာ မတ်တပ်ပင်မရပ်နိုင်တော့လောက်သည်အထိ နာကျင်နေခဲ့သည်။ ထိုင်ရာမှပင် မထချင်တော့အောင် နာကျင်နေလေပြီ။ သူမလည်း ထပ်မံပြီးထရန်မကြိုးစားတော့ပဲ ဆက်လက်ပြီးထိုင်နေလေသည်။

ထိုအချိန်သူမ ရှေ့သို့ အသစ်စက်စက် အမဲရောင် ကားတစ်စီးဟာ ထိုးရပ်လေသည်။ ကားပေါ်မှ သိပ်လှသည့်အမျိုးသမီးတစ်ဦးဆင်းလာသည်ကို သူမ မျက်တောင်ပင်မခတ်နိုင်အောင်ငေးကြည့်နေမိသည်။ သူမဘ၀မှာ ဒီလောက်လှသည့် အမျိုးသမီးအား ပထမဆုံးတွေ့ဖူးခြင်းပင်။

"မင်း အဆင်ပြေရဲ့လား.." ထိုအမျိုးသမီးရဲ့ ဩဇာညောင်းလှသော အသံကြောင့် သူမပြန်ဖြေဖို့ပင်မေ့လျော့နေခဲ့သည်။

"တို့ မေးတာကြားရဲ့လား.." ထိုအမျိုးသမီးက မျက်မှောင်ကြုတ်ကာ မေးလာမှ...

"ဟု...ဟုတ်ကဲ့ ပြေပါတယ်.." ထိုရာသီမှာ ဆောင်းရာသီ‌ ဒီဇင်ဘာလဖြစ်သည်မို့ သူမခန္ဓာကိုယ်အနည်းငယ်အေးစက်ကာ တုန်နေသေးသည်။

"မင်း အိမ်မပြန်ဘူးလား မင်းမိဘတွေကရော.."

"အမေတို့က မရှိကြတော့ပါဘူး သမီးက အဒေါ့်အိမ်မာနေတာပါ.."

သူမပြောလိုက်သည့်စကားကြောင့် ထိုအမျိုးသမီးသည် ခေါင်းအစခြေအဆုံးကြည့်နေလေသည်။

"မင်းနာမည်ဘယ်လိုခေါ်လဲ"

"သွန်းခက်နိုင်ပါ.."

"ကောင်းပြီလေ မင်းအ‌ေဒါ််အိမ်ကို လိုက်ပြ မင်းကိုလိုက်ပို့ပေးမယ်"

"ဟင့်အင်း...သမီး...သမီး မသွားချင်ဘူး အဲ့ကိုပြန်မသွားချင်တော့ဘူး သူတို့ကပြန်မလာခဲ့ဖို့လဲပြောထားတယ်"

အန်တီရဲ့‌ကျေးကျွန်Where stories live. Discover now