Part (3)

1K 75 4
                                    

သက်ထားတစ်ယောက် ထမင်းစားပြီး အစာကြေအောင် ခြံထဲ၌ လမ်းလျှောက်နေလေသည်။

"ဒေါ်ဒေါ်  ပန်းသီးလေးစားပါဦး ဒေါ်ဒေါ်ထမင်းစားပြီး အချိုတည်းဖို့ သွန်းယူလာပေးတာ"

"တော်ပြီ တို့ပန်းသီးမကြိုက်ဘူး"

"ချိုပါတယ် ဒေါ်ဒေါ်ရဲ့ မြည်းကြည့်ပါ"

"တို့မကြိုက်ဘူးလို့ပြောနေတယ်" ဟုပြောရင်း သွန်းရဲ့မျက်လုံးများအား စူးစူးရဲရဲကြည့်လိုက်သည်။

"တောင်း..တောင်းပန်ပါတယ် သွန်းက...." သူမစကားမဆုံးခင်ပင် သူမရှေ့၌ သက်ထားမရှိပေ။

"ဟင်...လူရော" ဟုဆိုကာ တောင်ကြည့်မြောက်ကြည့်ဖြင့်ရှာနေလေသည်။ သို့သော် မတွေ့ပါ။

'ငါမှားတာပါလေ...အတင်းမပြောသင့်ဘူး'ဟု သူမဘာသာတွေးရင်း ပန်းသီးပန်းကန်လေးအားကိုင်ကာ အိမ်ထဲသို့ပြန်၀င်သွားလိုက်လေသည်။

"ကြီးမြ ဒေါ်ဒေါ်ကပန်းသီးမကြိုက်ဘူးဆို"

"ဟေ...အရင်ကကြိုက်ပါတယ် "

"ဒေါ်ဒေါ်မစားချင်လို့နေမာပါလေ..."ပြောရင်းနှင့် သက်ပြင်းချလိုက်မိသည်။

"ကဲပါ..သမီးရယ် ဒီနေ့တော့စောစောနားလိုက်တော့ မနက်ဖြန်ကျမှအလုပ်စလုပ်‌တော့ ဒါတွေကြီးမြသိမ်းလိုက်မယ်"

"ရပါတယ် ကြီးမြရဲ့ သွန်းလုပ်နိုင်ပါတယ်"

ထိုသို့ဆိုရင်း သူမပန်းကန်းတွေကူဆေးပေးနေလေသည်။

နာရီ၀က်အကြာ
"ကြီးမြဘုရားရှိခိုးတော့မယ် လုပ်စရာတွေလည်းမရှိတော့ဘူးဆိုတော့"

"ဟုတ် "

"သမီးလည်း အိပ်တော့နော် နောက်ရက်တွေအများကြီးပင်ပန်းရဦးမာ "

"ဟုတ်ကဲ့ပါ ကြီးမြရဲ့ သွန်းအိပ်မာပါ"

"အေးပါကွယ်" ဟုဆိုကာ သူမအားကျောခိုင်းရင်း ထွက်သွားသော ကြီးမြအား မျက်စိရှေ့မှပျောက်သွားသည်အထိငေးကြည့်နေမိသည်။

ကြီးမြသည် သွန်းနှင့်တွေ့တာမှသိပ်မကြာသေး။သူမအပေါ်အင်မတန်မှ ကောင်းလွန်းနေသည်။ ဂရုစိုက်ပေးသည်။ သူမအတွက်တော့ ဒီအိမ်မာနေရတာက သူမအဒေါ်အိမ်မှာနေရတာထက် များစွာကောင်းလိမ့်မယ်လို့ သူမထင်နေမိသည်။

အန်တီရဲ့‌ကျေးကျွန်Where stories live. Discover now