Part (6)

454 49 13
                                    

"ဒေါ်ဒေါ်" သူငယ်ချင်းနှင့်ဖုန်းပြောရင်း နောက်မှခေါ်သံကြားသည့်အတွက် မျက်နှာထားတည်ကာ လှည့်ကြည့်လိုက်သည်။

"ဘာလဲ"

"ဟို...ခြံနောက်က ပန်းပင်တွေကလေ သေခါနီးအပင်တွေလိုခြောက်ကပ်နေလို့ အဲ့တာ ရေလေးလောင်းပြီး နေရောင်ခြည်ရမဲ့နေရာကို ရွှေ့စိုက်လိုက်လို့ရလား ဒေါ်ဒေါ်"

"မင်းကို ခိုင်းသလား"

"ရှင်" မျက်လုံးလေးအဝိုင်းသားဖြင့် မော့ကြည့်လာသည်။

"ငါမေးနေတာ မင်းကိုခိုင်းသလား"

"မ...မခိုင်းပါဘူး...ဒါပေမဲ့.."

"အင်း မခိုင်းရင် လုပ်စရာမလိုဘူး နောက်ပြီးအဲ့ခြံနောက်ကဟာတွေကစွန့်ပစ်ပစ္စည်းတွေ မင်းထိဖို့မလိုဘူး"

"အပင်လေးက..."

"မင်းနားကန်းနေသလား..နားကချေးတွေနဲ့ပိတ်နေလို့လား"

"မ....မဟုတ်ပါဘူး"

"အင်း..မဟုတ်ရင် သွားတော့" ဟုဆိုလိုက်သည်နှင့် သွန်းခဗျာ ခေါင်းလေးငြိမ့်ကာ အိမ်ထဲသို့ဝင်သွားလိုက်သည်။

ထို့နောက် မီးဖိုချောင်ရဲ့ထောင့်တစ်နေရာမှာ ကျုံ့ကျုံ့လေးထိုင်ကာ ငေးငိုင်မိသည်။

'ငါဘာအမှားများလုပ်မိသွားပါလိမ့်...ငါ့အပြစ်တွေအဲ့လောက်တောင်ကြီးသွားသလား' ဟုတွေးရင်း ဝမ်းနည်းလာမိသည်။

သူမဖုန်းပြောနေစဉ်ကတည်းက အဝေးတစ်နေရာမှ သူမအပြုံးလေးအားကြည့်ရင်း သဘောတကျရှိနေမိသည်။ သို့သော် သွန်းအားမျက်နှာထားတည်တည်နှင့်သာဆက်ဆံနေသောကြောင့် စိတ်မကောင်းဖြစ်မိသည်။

-----------------------------------------------------------------------------------

နောက်တစ်နေ့ မနက်တွင်...

"ကြီးမြ ဒီနေ့ဟင်းကောင်းကောင်းလေးချက်ထားပေး ဧည့်သည်လာလိမ့်မယ်"

"ဟုတ်ပါပြီကွယ်..."

"သွန်း..တို့နောက်ကနေလိုက်ခဲ့"
သွန်းဘက်သို့လှည့်ကာ ပြောလိုက်သော ဒေါ်ဒေါ့်စကားကြောင့် အနည်းငယ်လန့်‌သွားသော်လည်း မိမိစိတ်ကို ပြန်ထိန်းကာ

အန်တီရဲ့‌ကျေးကျွန်Where stories live. Discover now