Part (4)

1.7K 99 6
                                    

အိမ်ရှေ့ခန်းတွင် တောင်လျှောက်မြောက်လျှောက်ဖြင့် ဂနာမငြိမ်ပဲ ထိုင်လိုက်ထလိုက်ဖြင့်လုပ်နေသော သွန်း။ အပြင်မှအသံကြားလျှင် ထွက်ကြည့်လိုက် သူမမျှော်နေသောသူမဟုတ်လျှင် ခေါင်းအောက်စိုက်ကာ ပြန်လာသော သွန်းအား ကြည့်ရင်း ကြီးမြစိတ်မရှည်စွာဖြင့်ပြောလိုက်သည်။

"သွန်းရယ် ဘာတွေဒီလောက်မျှော်နေရတာလဲ"

"ဒေါ်ဒေါ့်ကိုလေ ည၉နာရီရှိနေပြီ ခုထိပြန်မရောက်သေးတော့ စိတ်ပူလို့ပါ"

"ပြန်လာမာပါ သမီးရယ် သူကညစာစားပွဲရှိရင် ခုလိုနောက်ကျနေကျလေ"

"ဒါပေမဲ့ ကြီးမြရယ် ညကြီးအချိန်မတော် မိန်းကလေးတစ်ယောက်တစ်ခုခုဖြစ်သွားရင် ဘယ်နှယ့်လုပ်မလဲ"

"အမလေးတော် သက်ထားက အသက်၃၈ရှိနေပါပြီ ၃၉တောင်ပြည့်တော့မယ် သူထိန်းနေပါတယ်အေ"

"ဟုတ်ပေမဲ့လဲ ကြီးမြရယ်...." ဟုဆိုကာ သူမအသံတိတ်သွားသည်။

သူမနှင့် တွေ့တာမကြာသေးပဲ သူမနှင့်လည်း ဘာမှမဆိုင်ပဲ သူမဘာကြောင့်စိတ်ပူနေရမာလဲ။ သူမနှင့်သွေးသားမတော်စပ်ပါပဲ ထိခိုက်မိကို စိုးရိမ်ကာစိတ်ပူနေမိလေသည်။

'ငါ့ကို ထမင်းကျွေး နေစရာပေး အလုပ်လဲပေးတဲ့ ကျေးဇူးရှင်မို့နေမာပါ' ဟုတွေးကာ သူမထိုင်စရာနေရာတွင်ထိုင်နေလိုက်သည်။

"သွန်း ကြီးမြဘုရားရှိခိုးလိုက်ဦးမယ်နော်"

"ဟုတ်"

"သက်ထားလာရင် တံခါးဖွင့်ပေးလိုက်ဦးနော် အိပ်ပျော်မနေနဲ့ဦး"

"ဟုတ်ကဲ့ပါ ကြီးမြရဲ့ အေးအေးဆေးတေးသာဘုရားရှိခိုးပါ သွန်းလုပ်လိုက်ပါ့မယ်"

"အေးပါ "ဟုဆိုကာ ထွက်သွားလေသည်။

သွန်းလည်း သူမထိုင်နေရာမှထကာပြတင်းပေါက်သို့ဦးတည်လိုက်လေသည်။

"ဒီညကောင်းကင်ကြီးက အရင်ညတွေထက် အထီးကျန်နေသလိုပဲ" ကောင်းကင်ကြီးအား မော့ကြည့်ကာ ပြောနေမိသည်။

သွန်းပြောသည့်အတိုင်း ကောင်းကင်ယံမှာ လမင်းကြီးလည်းမရှိသလို ကြယ်များမှာလည်း အနည်းငယ်သာရှိလေသည်။ လေညှင်းများလည်းတိုက်နေသောကြောင့် အနည်းငယ်ချမ်းစိမ့်စိမ့်‌ဖြစ်နေလေသည်။

အန်တီရဲ့‌ကျေးကျွန်Where stories live. Discover now