Part (5)

518 45 8
                                    

"ကြီးမြ ဒေါ်ဒေါ်အဆင်ပြေပါ့မလား"

"ဘာဖြစ်လို့လဲကွဲ့" ချဉ်ပေါင်ရွက်ချွေရင်း သွန်းအားကြည့်လာလေသည်။

"ညကဒေါ်ဒေါ်ကြည့်ရတာ သောက်တာအရမ်းများတဲ့ပုံဆိုတော့ အလုပ်မာ ခေါင်းကိုက်နေမာစိုးလို့ပါ"

"စိတ်မပူပါနဲ့အေ သူ့မာခေါင်းကိုက်ရင် သူ့အတွင်းရေးမှူးကို တစ်ခုခုစီစဉ်ခိုင်းလိမ့်မယ်"

"အဲ့လိုလား"

သွန်းတီးတိုးရေရွတ်လိုက်ရင်း ပြန်တွေးကြည့်မိသည်။ သူမစိတ်ပူနေစရာမလိုလောက်အောင် ဒေါ်ဒေါ်ကအရွယ်ရောက်ပြီးသောလူတစ်ယောက်။ တစ်နည်းအားဖြင့်ပြောရရင် သူမရဲ့အလုပ်ရှင်။ သူမစိတ်ပူနေစရာမလိုအောင် ဒေါ်ဒေါ့်မာပြည့်စုံနေသည်ဟု သူမတွေးမိကာ သက်ပြင်းချလိုက်လေသည်။

"အန်တီ ဒီမာ ကော်ဖီရယ် မုန့်ရယ် ရပြီ"
အပြေးအလွှာလေးလာရင်း မောမောနဲ့ အတွင်းရေးမှူးမလေူကပြောရှာသည်။

"အင်း ကျေးဇူးပဲ"

"အန်တီနေမကောင်းလို့အဆင်မပြေရင် ပြန်ရင်ပြန်ပါ့လား အန်တီ့ကြည့်ရတာ တော်တော်အဆင်မပြေပုံပဲ"

"မင်းအလုပ်မဟုတ်တာကို စပ်စုမနေနဲ့ ဒါမင်းကိစ္စမဟုတ်ဘူး"

"ဟု..ဟုတ် သမီးကအန်တီတစ်ခုခုဖြစ်မာစိုးရိမ်လို့ပါ"

"စိုးရိမ်ဖို့မလိုဘူး မင်းနဲ့လည်းမဆိုင်ဘူး နောက်တစ်ခါခုလိုဆရာကြီးလာလုပ်ရင် အလုပ်ထုတ်ခံရဖို့ပြင်ထား"

"ဟု...ဟုတ်"

"သွားတော့"

အတွင်းရေးမှူးမလေးခဗျာ ကြောက်လွန်း၍ အသံပါတုန်နေရှာသည်။ သို့ပေမဲ့သက်ထားဆိုသည့်အမျိုးသမီးကတော့ နည်းနည်းလေးတောင် ငဲ့ကွက်မနေပါ။သူမရဲ့စပ်မစုရစည်းကမ်းအား အင်မတန်မှတင်းကြပ်ထားလေသည်။

"ကြီးမြ မနက်ဖြန်ကျရုံးပိတ်ရက်ဆိုတော့ မနက်ပိုင်းမုန့်ဟင်းခါးချက်စားကြမလား"

"ဟေ...မဖြစ်ဘူး သက်ထားလေးကမုန့်ဟင်းခါးဆို အရမ်းမုန်းတာ"

"ရှင်..ဟုတ်လား"

"ဟုတ်ပါ့...ဒါမဲ့သူက အုန်းနို့ခေါက်ဆွဲတော့စားတယ်"

"ဒါဆိုလဲ အုန်းနို့ခေါက်ဆွဲချက်ကြတာပေါ့"

အန်တီရဲ့‌ကျေးကျွန်Where stories live. Discover now